မဇ္ဈိမ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ခရစ္စတီးကန်နေးသည် ဇူလိုင် ၁၂-၁၄ ရက်တို့၌ ရန်ကုန်နှင့် နေပြည်တော်တို့ လာရောက်မည်ဖြစ်ကာ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားပြုသူများနှင့် YSEALI ကျောင်းသားကျောင်းသူဟောင်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက်၌ ထုတ်ပြန်သည်။
ကန်နေးက ခရီးစဉ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် TechCamp ကျောင်းသားကျောင်းသူဟောင်းများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ ကန်နေး၏ ခရီးစဉ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ပြောင်းမှုအပေါ် အမေရိကန်၏ အားပေးအားမြှောက်ပြုမှု၊ ပြည်သူချင်းဆက်ဆံရေးအပေါ် တန်ဖိုးထားမှု၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အမေရိကန်၏ အခန်းကဏ္ဍတို့ကို အလေးထားဖော်ပြနေခြင်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။
၎င်းအနေဖြင့် ဇူလိုင် ၉-၁၂ ရက် ဖိလစ်ပိုင်ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်တွင် အစိုးရတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသကဲ့သို့ လူမှု-စီးပွားရေးစွမ်းဆောင်သူများ၊ နည်းပညာနယ်ပယ်မှ လူများ၊ ဖိလစ်ပိုင်တွင် စမတ်မြို့တော်များ တည်ဆောက်နေမှုနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ယခင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းဖြစ်သည့် ကန်နေးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ဇွန် ၃၀ ရက်က ဒူတာတေးဦးဆောင်သော အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပထမဆုံး အဆင့်မြင့်အမေရိကန်အရာရှိတစ်ဦးအနေဖြင့်လည်း ရောက်ရှိနေခြင်းဖြစ်သည်။
No comments:
Post a Comment