မဇ္ဈိမ
မြန်မာနဲ့ ဥရောပသမဂ္ဂနိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုနိုင်ဖို့ ဥရောပသမဂ္ဂဘက်က အသင့်ဖြစ်နေပြီး မြန်မာအစိုးရဘက်က သဘောတူညီမှုကို စောင်းဆိုင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာ ရိုလန် ကိုဘီးယားက ပြောဆိုလိုက်ပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုများအကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်နဲ့ ပတ်သတ်ပြီး မြန်မာနဲ့ ဥရောပသမဂ္ဂကြားမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဆွေးနွေးခဲ့တာဖြစ်ပြီး ညှိနှိုင်းဆွေးနွေးမှုပေါင်း ၃ ကြိမ်လောက် ပြုလုပ်ခဲ့ပြီးချိန်မှာတော့ အကြေအလည်ညှိနှိုင်းရမယ့် အချက် ၂ ချက်လောက်ပဲ ကျန်တော့တယ်လို့ မစ္စတာ ရိုလန် ကိုဘီးယားက ပြောပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ဆန္ဒရှိနေပြီး ဒီအကာအကွယ်ပေးခြင်းနဲ့ ပတ်သက်တဲ့ မူဘောင် အတွင်းမှာ ဥရောပသမဂ္ဂက နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တာဖြစ်ပါတယ်။ မြန်မာအနေနဲ့ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုကို ဥရောပသမဂ္ဂမဟုတ်တဲ့ အခြား ၁၀ နိုင်ငံလောက်နဲ့ သဘောတူထားပြီး ဖြစ်တယ်လို့ မစ္စတာရိုလန်ကိုဘီယားက ပြောဆိုထားပါတယ်။
No comments:
Post a Comment