Saturday, July 9, 2016

နေပြည်တော်ရောက် မိုင်းဖုန်းဆရာတော်အား ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်

မင်းမင်း

တာချီလိတ်မြို့လေဆိပ်မှတဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ကြွရောက်လာသော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၈ရက်၊ ညဦးပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်အနီးရှိ သံဃာရာမ (၂)တွင် လာရောက်ဖူးမြော်ခဲ့သည်။

ည ၇နာရီခွဲမှ ၈နာရီကျော်ထိ နာရီဝက်ကျော် တွေ့ဆုံဖူးမြော်ခဲ့ပြီး ဆရာတော်မှ ဒေါ်အောင်ဆန်းစုကြည်ကိုးကွယ်ရန် (ခန့်မှန်းအားဖြင့် ဥာဏ်တော် ၃ပေခန့်မြင့်သည့်)ဘုရားဆင်းတုတော်တစ်ဆူ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

"ဆရာတော်ကို လာဖူးတယ်လို့ပဲ ပြောရမှာပေါ့" ဟု နေပြည်တော်ကောင်စီဝင် ဦးမင်းသူက ပြောသည်။

မိုင်းဖုန်းဆရာတော်သည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ၉နှစ်ခန့်ကြာ ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလမှသာ ပြည်ဝင်ခွင့်ပြန်လည်ရရှိခဲ့သည်။

No comments: