Saturday, July 2, 2016

သိမ်းဆည်းခံရ ပင်လုံမြို့ခံမြေများ ပြန်လည်ရရှိရေး ဒီမိုကရေစီအစိုးရ ထံ တောင်းဆိုမှုပြန်လည်စတင်

မွခေါဝ်


ပင်လုံမြို့ခံများသည် သိမ်းဆည်းခံရ မိမိမြေနေရာများ ပြန်လည် ရရှိရေး အတွက် ဦးသိန်းစိန်အစိုးရထံ ၉ ကြိမ် တိုင်တိုင်တောင်းဆိုခဲ့သော် လည်း ပြန် မရသောကြောင့် ၁၀ ကြိမ်မြောက် တောင်းဆိုမှုအနေ ဖြင့် လူထုရွေး ကောက် တင်မြောက်ထားသည့် NLD အစိုးရသစ်ထံ ပထမ ဆုံးအကြိမ် ပြန်လည်ေ တာင်း ခြင်းဖြစ် သည်ဟု မြေအသိမ်းခံရသူများကပြောသည် ။

“ဒီမိုကရေစီအစိုးရ အရပ်သားအစိုးရဆိုတော့ အသိမ်းခံရတဲ့မြေတွေ ပြန်ရလေ မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ထပ်တင်တာပါ ။ ဒီလ ၁၆ ရက်နေ့က ။ ဒီတခေါက်ပါရင်တော့ ၁၀ ခေါက်လောက်ရှိပြီ ။ စာတင်တာ ။ ကိုယ့်ရဲ့မြေ ဆိုတော့ ပြန်ရချင်တယ် ။ သီးနှံတွေ ပြန်စိုက်ချင်တယ် ။ ပြန်ရတဲ့အထိ ကြိုးစားသွားမယ် ”… ဟု ခြံပိုင်ရှင် စိုင်းဆောနက ပြောသည် ။

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ဟဲနန်းကျေးရွာအုပ်စု ၀မ့်မိုင်ရွာမြောက် ဘက် ရှိ ပိုင်ရှင် ၂၇ ဦး၏ ယာမြေ ၆၀ ဧကခန့် ကို ဟဲနန်းကျေးရွာအုပ်စု ဥက္ကဌ (ဟောင်း) ဦးခွန်အောင်ဝင်း က ၂၀၀၈ ခုနှစ်ကတည်းက သိမ်းဆည်း သွားကြောင်း အာဏာပိုင်များနှင့် ပူးပေါင်းကာ ပုံစံ ၁၀၅ ပြုလုပ်၍ အကွက်ချ ပြန် လည်ရောင်းချခဲ့ကြောင်း ၊ ခြံပိုင်ရှင်တို့က ၂၀၁၀ မှစ၍ အကြိမ်ကြိမ် ပြန် လည်တောင်းဆိုသော်လည်း ယာမြေအားသိမ်းပိုက်သူ ဦးခွန်အောင်ဝင်း က သေဆုံးသွားသောကြောင့်ယနေ့အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း မြေ ပိုင်ရှင် များက ပြောသည် ။

“ ကျနော့် မိဘတွေရဲ့ဇာတိဖြစ်တယ်။ ကျနော်တို့မြေဖြစ်တာကြောင့် မရ မချင်း တောင်းဆိုသွားမယ် ။ ဘယ်အစိုးရတက်လာ တက်လာ တောင်းဆို သွားမယ် ။ အခု တိုင်းပြည်အခြေအနေလည်း တည်ငြိမ်လာပြီ ။ ဒီပတ်ဝန်း ကျင်မှာလည်း လူနေအိမ်တွေ ရှိလာပြီဆိုတော့ စိုက်ပျိုးလုပ်ကိုင်ဖို့ ၊ နေထိုင် ဖို့ပါ ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်ပေါ့ ”…ဟု မြေပိုင်ရှင်နောက်တဦးကလည်း ဆိုသည် ။

ယခုအသိမ်းခံရသည့် မြေနေရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ရ၀ ခန့်က ၀မ့်မော်ရွာ ဖြစ်ကြောင်း ၊ အဆိုပါ ၀မ့်မော်ရွာတွင် ကာလနာရောဂါဆိုးကြောင့် ရွာသူ ရွာသားများက ၀မ့်မော်ရွာတောင်ဘက် ရွာသစ် (၀မ့်မိုင်ရွာ) သို့ ပြောင်း ရွှေ့ရွာတည်ကာနေထိုင်ကြောင်း ၊ သို့သော် ၀မ့်မော်ရွာတွင် မိမိပိုင်ဆိုင်သည့်မြေနေ ရာအား ရာသီအလိုက်သီးနှံများ ၊ ဟင်းသီး ဟင်းရွက် များ နှစ်စဉ်နှစ်တိုင်း ထွန်ယက်စိုက်ပျိုး ကြောင်း အသက် ရ၀ ကျော် မြေပိုင်ရှင်တဦးက ပြောပြ သည် ။

“ ဒီမြေဟာ တောင်သူလယ်သမားတွေရဲ့မြေဖြစ်တယ် ။ ပိုင်ရှင်ရှိတယ် ။ ရောင်း ၀ယ်ေ ဖာက်ကားမှု မပြုရ ” ဟူ၍ ၁၅ ရက်တစ်ကြိမ် ၊ တစ်လတစ်ကြိမ် သံကြိုး များတွင် မြေပိုင်ရှင်များက စာသွားကပ်ကြောင်း ၊ ပိုင်ရှင်အဖြစ် လက်ဝယ် ကိုင်ဆောင်ထားသူသတ္တုတူးဖေါ်ရေးကုမ္ပဏီက ပြန်လည်လိုက်ဖျက် ကြောင်း ၊ မည် သို့ ပင်ဆိုစေ အဆိုပါမြေများ ပြန်လည်ရရှိသည့်အထိ ကြိုးစားတောင်း ဆိုသွားမည်ဖြစ်ကြောင်း ၊ အမှန်တရား အတွက် NLD အစိုးရ မှ ၀ိုင်းဝန်းဖြေ ရှင်းပေးမည်ဟု ယုံကြည်ကြောင်း ဒေသခံများက ပြောသည် ။

No comments: