စည်သူမောင်မောင်
လူမှုကွန်ယက်တွင် နိုင်ငံတော်အကြီးအကဲများအား ဂုဏ်သရေထိခိုက်အောင်ရေးသားခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု နိုဘယ်လ်ဆုအား သရော်သည့် အရေးအသားများ ရေးသူအား ကျောင်းကုန်းမြို အမှတ်၂ရပ်ကွက်နေမောင်ကျော်ဇေယျဖြိုးအား ဇူလှိုင်လ၅ရက်နေ့တွင် ကျောင်းမြို့မရဲစခန်းတွင် နောက်နောင်မလုပ်ရန် ခံဝန်လက်မှတ် ရေးထိုးခဲ့သည်။
"သူ wall မှာတင်ထားတယ်။
နိုင်ငံတော်အကြီးအကဲကို သရော်တဲ့စာတွေ၊ NLDပါတီနဲ့ ဘာသာခြားတွေကြားထဲမှာ အထင်အမြင်လွဲမှားနိုင်စေတယ်။ ဘာသာရေးကိစ္စတွေ အကြိမ်ကြိမ်တင်ထားလို့ သူကို commentကကော chat boxကကော အကြိမ်သတိပေးတယ်၊ မရေးသင့်ဘူး။ မှားနေတယ်မလုပ်ပါနဲ့ အကြိမ်သတိပေးလို့မရတဲ့အဆုံးကျမှ ရဲစခန်းကိုသွားအကြောင်းကြားတာပေါ့။ သူ အကြိမ်ကြိမ်တောင်းပန်တယ် ကျွန်တော်တို့က တမြို့ထဲသားချင်းတွေဖြစ်နေတော့ လောလောဆယ်ကျေအေးတယ်လို့ မပြောပါဘူး။ နောက်နောင်ဒီလိုမျိုးတွေပဲ အကြိမ်ကြိမ်စော်ကားနေမယ် ပြဿနာဆက်လက်တက်နေမယ်ဆို ဥပဒေအရ အရေးယူဖို့ဆက်လက်ကြိုးစားသွာမှာ။" ဟု ကျောင်းကုန်းမြို့နယ်နေ ဦးသောင်းလှဝင်းက မဇ္ဈိမသို့ပြောသည်။
လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ကောင်းမြတ်အကောင့်ဖြင့် နိုင်ငံတော်အကြီးအကဲများအား ဂုဏ်သရေထိခိုက်အောင် ရေးသားဖော်ပြခြင်း၊ ဘာသာရေး၊ လူမျိုးရေစပဋိပက္ခဖြစ်ပွားစေနိုင်စာသား ရေးသားများရေးသားဖော်ပြခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု နိုဘယ်ဆုအားထိခိုက်သရော်သည့် အရေးအသားများ ရေးသားခြင်းများပြုလုပ်၍ မောင်ကျော်ဇေယျဖြိုးဆိုသူအား ခေါ်ယူ ခံဝန်ရေးထိုးခိုင်းပြီး နောက်နောင်ရေးခြင်းမပြုလုပ်ရန်ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းလိုက်ခြင်းဖြစ်သည်။
နောက်နောင် လူမှုစာမျက်နှာတွင် ရေးသားသရော်ခြင်းများမပြုလုပ်ရန် ပြုလုပ်လျှင် ဥပဒေအရအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကျောင်းကုန်းမြို့မ ဒုရဲမှူးက သတိပြောကြားသည်။
"သူတို့ မထိခိုက်စေချင်ပါဘူး။ အကျိုးမရှိလုပ်တာမျိုးတွေ နောက်ထပ်မလုပ်ဖို့အရေးကြီးပါတယ်။ ထပ်ရေးတာမျိုးရှိရင် ကျွန်တော် ဥပဒေအတိုင်းလုပ်ဆောင်သွားမယ်" ဟု ကျောင်းကုန်းမြို့နေ ဦးသားကြီးက ပြောသည်။
No comments:
Post a Comment