Friday, July 8, 2016

မိုင်ဂျာယန် အစည်းဝေး အကြိုဆွေးနွေးပွဲ ချင်းမိုင်တွင် ပြုလုပ်နေ

ဖနိဒါ

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်းများ မျက်နှာစုံညီ အစည်းအဝေးအတွက် အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီက စတင်ကျင်းပလျှက်ရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့မှ KNUမှ ပဒိုကွယ်ထူး ဝင်း၊ RCSS/SSA မှ ဗိုလ်ချုပ်ဘောင်ခေး၊ ABSDF မှရဲဘော်ဆန်နီ ပါဝင်သော ကိုယ်စားလှယ်များနှင့် NCA လက်မှတ်မ ထိုးသေးသည့်အဖွဲ့အစည်းတွင် KIO မှ ဗိုလ်ချုပ်ဂွမ်မော်၊ KNPP မှ ခူးဦးရယ်၊ SSPP မှ ဗိုလ်ချုပ်စေထင်တို့ အပါအဝင် ကိုယ်စာလှယ် ၂၅ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

No comments: