ဖနိဒါ
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN)တို့ ဇူလိုင်လ ၂၀ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေ အပါအဝင် လေးဦးနှင့် ရုံးအဖွဲ့ဝင် အားလုံး ငါး ဦးတို့နှင့် DPN တို့ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၀ ရက် ညနေပိုင်းတွင် တွေ့ဆုံမည် ဖြစ်ကြောင်း ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
“ကျနော်တို့ မနက်ဖြန် ၃ နာရီလောက်မှာ ရောက်မယ်။ ပြီးရင် သူတို့နဲ့ ၄ နာရီခွဲလောက်မှာ တွေ့နိုင်မယ်ထင်ပါတယ်။ သူတို့လည်း အစည်းအဝေး လုပ်နေတယ်ထင်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ခေါင်းဆောင်များနှင့် DPN အဖွဲ့တို့ကလည်း ဇူလိုင်လ ၁၉ ရက်တွင် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သော အစည်းအဝေးကို ချင်းမိုင်မြို့ရှိ Khumphucome ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများကို ဇူလိုင်လ ၁၉ ရက်က ရှင်းလင်းတင်ပြခဲ့သည်။ ယနေ့ အစည်းအဝေးတွင် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဒုဥက္ကဌ နိုင်ဟံသာနှင့် DPN အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။
အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုတွင် DPN ဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) နှင့် ပတ်သက်၍ ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း DPN က ကြိုတင် ပြင်ဆင်သော အစည်းအဝေး ဆက်လက် ပြုလုပ်၍ ညနေပိုင်းတွင် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
DPN နှင့် အစိုးရ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ ထို့ပြင် ဇူလိုင်လ ၁ ရက်ကလည်း ရန်ကုန်မြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်
No comments:
Post a Comment