Wednesday, August 31, 2016

ဖားကန့်လမ်း တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွားနေ

Kachinnews


ယနေ့ ညနေပိုင်း ၆ နာရီ ကျော်မှ ကချင်ပြည်နယ် ဖားကန့်လမ်း တောင်ကုန်ရွာ အနီး မြန်မာ အစိုးရ စစ်ကြောင်းနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) တပ်ဖွဲ့ ကြား တိုက်ပွဲ ဖြစ်ပွားနေပါသည်။

ယခု သတင်းရေးသားနေချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေသည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

Namya (နန့်ယား) ရှိ အစိုးရတပ်နှင့် ရှမ်းနီ ပြည်သူ့စစ် များကလည်း ဖားကန့် အသွားအပြန် ကားများကို ဟန့်တားမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ဆိုပါသည်။

အစိုးရက ‘စစ်ရေး အရ’ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကို NCA ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးရန် ဖိအားပေးနေချိန် ကချင်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ အရှိန်မြင့် ဖြစ်ပွားနေပါသည်။

No comments: