Wednesday, August 31, 2016

ပုဂံသွားလိုသူများ ဒါတွေရှောင်ပါ

မဇ္ဈိမ


သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ပုဂံဘုရားများ ပြိုပျက်ခဲ့ရာ ပုဂံသို့ ဘုရားဖူး သွားရောက်လိုသူများအနေဖြင့် ဘုရားပရဝဏ်အတွင်းရှိ အပျက်အစီး အပိုင်းအစများ မယူဆောင်သွားကြရန်နှင့် လွှင့်ပစ်ခြင်း မပြုကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အချက် ငါးချက် ပါဝင်သည့် မေတ္တာရပ်ခံချက်တွင် နံရံဆေးရေးပန်းချီကားများကို မကိုင်ကြရန်၊ ပြိုကျနေသည့် ဘုရားများသို့ သွားရောက်ဖူးမျှော်ခြင်းမပြုကြရန်၊ တားမြစ်ထားသည့် ဘုရားစေတီဝန်းအတွင်းသို့ ခွင့်ပြုချက် မရှိဘဲ မဝင်ကြရန်နှင့် ပြန်လည်ပြင်ဆင်နေသည့် လုပ်ငန်းများကို အနှောက်အယှက် မပြုကြရန်ပါဝင်သည်။

ငလျင် လှုပ်ခတ်မှုကြောင့် “ပုဂံဒေသ၏ ရှေးဟောင်း ထိန်းသိမ်းစောင့်ရှောက်မှု နယ်မြေအတွင်း ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ဘုရား ပုထိုးစေတီပေါင်း ၃၀၀၀ ကျော်ရှိသည့်ပုဂံတွင် စေတီပုထိုးပေါင်း ၄၀၀ ဆူခန့် ပျက်စီးခဲ့သည်။

No comments: