Wednesday, August 31, 2016

ကချင် ရှေ့တန်း အစိုးရတပ် အတွင်း သတ်ဖြတ်မှု ဖြစ်ပွား

Kachinnews


ကချင်ပြည်နယ် တောင်ပိုင်းမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ထိုးစစ် ဆင်နေသည့် အစိုးရစစ်ကြောင်း အတွင်း အချင်းချင်း သတ်ဖြတ်မှု ဟု ယူဆရသော ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

သြဂုတ် (၁၉) ရက်နေ့ တပ်မတော် စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်စဉ် KIA တပ်ရင်း (၂၇) မှ နောက်ဆုတ်ပေးသည့် Nam Hka Bum တောင် စခန်းတွင် အစိုးရတပ် ခလရ (၂၇၆) တပ် အတွင်း သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူရှိသည့် အသံမကြား တိတ်ဆိတ်နေသော ၎င်းစခန်းသို့ သြဂုတ် ၂၃၊ တနင်္လာနေ့ KIA တပ်ရင်း (၂၇) တပ်ဖွဲ့များ သွားရောက် စစ်ဆေးကြည့်ရာ စစ်သားများ မရှိဘဲ စခန်း ၀န်းကျင်မှာ မြှုပ်ထားသည့် ခမရ (၂၇၆) စစ်သား အလောင်း (၅) လောင်းနှင့် အခြား ပစ္စည်းများ တွေ့ရသည်ဟု KIA သတင်းရပ်ကွက်က ဆိုပါသည်။

Nam Hka Bum စခန်းသည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် စပ်ကြား မန်ဝင်းကြီးကျေးရွာ အနီးမှာရှိပြီး ယခုချိန် ၎င်းစခန်းတွင် KIA တပ်ရင်း (၂၇) တပ်ဖွဲ့များ ပြန်လည် စခန်းချ နေကြောင်း သိရသည်။

No comments: