Tuesday, August 30, 2016

၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုးသမီး ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းအောက်သာ ပါဝင်နိုင်ဟုဆို

စိုးသူအောင်

အချိန်ယူမှုနှင့် အချိန်ပေးဖိတ်ကြားမှု အားနည်းသည့်အတွက် ၂၁ ရာစုပင် လုံညီလာခံတွင် အမျိုးသမီးပါဝင်မှု နူန်းမှာ ၁၀ ရာခိုင်နှုန်း အောက်သာ ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) မှ ညှိနှိုင်းရေး မှူး ဒေါ်နန်းအေးသန္တာက ပြောသည်။

သြဂုတ်လ ၂၉ ရက် မြေနုကွန်ဒိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ၁၀ ရာခိုင်နူန်း အောက်ပဲဖြစ်လိမ့်မယ်လို့ ကျွန်မ ယူဆတယ်ရှင့် “ ဟု ဒေါ်နန်းအေးသန္တာက ဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်နိုင်မှု မှာ ၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ခန့်မှန်းသော်လည်း ပင်လုံညီလာခံကျင်းပသည့် အချိန်ရောက်မှသာ အမျိုးသမီးဦးရေ မည်မျှ ရာခိုင်နူန်း ပါဝင် မည်ကို တိတိကျကျသိရ မည်ဖြစ်ပြီး လက်ရှိအနေထားအရ ပြောဖို့ခက်နေသေးသည်ဟုလည်း ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP)မှ ပဲ့ကိုင်ကော်မတီအဖွဲ့ဝင် ဒေါ်ခင်လေးက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ပါဝင်သည့် အမျိုးသမီးဦးရေ ၁၂ရာခိုင်နူန်းရှိနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့် ၇ ရာခိုင် နူန်းသာရှိသည့်အတွက် နည်းနေသေးကြောင်း ၄င်းက ဆကလက်ပြောဆိုသည်။

ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) ကို ၂၀၁၄ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို တိုးတတ်ကောင်းမွန်စေမည့် အ မျိုးသားအဆင့် မူဝါဒရေးရာ ပြောင်းလဲမှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန်ရည်ရွယ်သည်ဟု သတင်းစာရှင်းလင်းပွဲ အချက်အလက်များအရ သိရသည်။

AGIPP အဖွဲ့ မှ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီး ၃၀ ရာခိုင်နူန်းပါဝင်ရန်နှင့် ၂၁ရာစု ပင်လုံညီလာခံတွင် စာတမ်း ဖတ်ကြားခွင့် ရရှိရန် လည်းတောင်းဆိုထားကြောင်းလည်း သိရသည်။

No comments: