Tuesday, August 30, 2016

ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အပါအ၀င် တိုင်းမှူးအများအပြား အပြောင်းအလဲဖြစ်

နိရဉ္စရာ၊


ရခိုင်အခြေစိုက် တိုင်းမှူး အပြောင်းအလဲ ဖြစ်ရာ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေးနေရာတွင် ဗိုလ်ချုပ်မောင်မောင်စိုးကို ခန့်အပ်တာဝန်ပေးလိုက်သည်ဟု သိရသည်။

ယခင်တိုင်းမှူးအောင်လင်းဒွေးအား မည်သည့်နေရာတွင် တာဝန် ခန့်အပ်သည်ကို မသိရှိရသေးပါ။

သြဂုတ်လ ၂၆ ရက် ယနေ့ နံနက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ တပ်မတော်က တိုးမြှင့်ပြောင်းလဲ ခန့်ထားသည့် ရာထူးတာဝန်များမှာ ညှိနှိုင်းကွပ်ကဲရေးမှုး (ကြည်း၊ရေ၊လေ) အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ခန့်အပ်လိုက်ပြီး စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဖြစ်လာခဲ့သည်ဟု သိရသည် ။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှုးချုပ်သက်ပုံ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းအမှူး အဖြစ် ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ် သန်းလှိုင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်လင်းအောင်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ယခု အပြောင်းအလဲ ပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီး ၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်အဆင့်ရာထူးများ ဖြစ်ပြီး ညှိနိုင်းကွပ်ကဲရေးမှူး ( ကြည်း၊ရေ၊လေ) ၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ၊ စစ်ဥပဒေချုပ် ၊ တပ်ထိန်းချုပ် ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် တိုင်းမှူး ၊ တပ်မမှူး အချို့  စသည့် ရာထူးနေရာများ ပါဝင်ကြောင်း စုံစမ်း သိရှိရသည် ။

No comments: