Kachinnews
ဇူလိုင် ၂၀၊ နေ့လည်ပိုင်း ဖားကန့်မြို့နယ် ကချင် လွတ်လပ်ရေး တပ်မတော် KIA ဆိုင်းတောင် ရွာဟောင်း စခန်းသို့ မြန်မာ အစိုးရတပ်များ ထိုးစစ်ဆင်ရန် တက်လာစဉ် လမ်းခုလပ်တွင် မိုင်းထိပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ သတင်းများ ဆိုပါသည်။
တုံ့ပြန်မှုအားဖြင့် KIA တပ်ရင်း (၆) စခန်းရှိရာသို့ ဆိုင်းတောင် အစိုးရ တပ်စခန်းမှ ၈၀ မမ လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး၊ KIA ဘက် ထိခိုက်မှု မရှိကြောင်း ဒေသခံ သတင်းများ ဆက်ဆိုသည်။
အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသော ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏ စီးပွားရေးကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရတပ်များ KIA ကို ဖားကန့် ကျောက်စိမ်းမှော် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KIO/KIA အရာများ ဆိုထားပါသည်။

No comments:
Post a Comment