Monday, August 8, 2016

ဒိုက်ဦး မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာ ၅ ရွာ ရေကြီးနစ်မြုပ်

အောင်စိုးမိုး

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့က မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာ ၅ ရွာတို့မှာ ရေးကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒိုက်ဦးမြို့က မင်းတဲရပ်ကွက်၊ ဒရယ်မီးရပ်ကွက် နဲ့ စမ်းမြှောင်ကြီးကျေးရွာ၊ စစ်ဗိုလ်ကြီးကျေးရွာ၊ စတဲ့ကျေးရွာတွေမှာ သြဂုတ် ၆ ရက်နေ့မနက် ကစပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအခြေနေမှာတော့ နေအိမ်ပြောင်းရွှေ့ရတဲ့အဆင်ထိ မရောက်သေးပေမယ့် တချို့ရွာတွေကတော့ တရွာလုံးနီးပါး နစ်မြုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေကြီးနစ်မြုပ်မှုအခြေအနေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဆောင်ရွက်မှုတွေ ပေးနိုင်ရေးအတွက် ကွင်းဆင်းပြီး စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ ဒိုက်ဦးမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေက ပြောပါတယ်။

ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၅ ရက်အထိ ကာလအတွင်း ပြည်နယ်တိုင်း ၈ ခုမှာ ရေကြီးလို့ ရေဘေးသင့်ပြည်သူ ၃ သိန်း ၁သောင်း ကျော် ရှိနေပြီး သေဆုံးသူ ၄ ဦး ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ မွန်၊ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန် စတဲ့ ပြည်နယ်တိုင်းတို့မှာ လတ်တလော ရေကြီးရေလျှံနေတာ ဖြစ်ပါတယ်။

No comments: