Friday, August 26, 2016

ငလျင်ကြောင့် မကွေးတိုင်းအတွင်း ရှေးဟောင်းစေတီများနှင့် နဂါးပွက်တောင်တို့ အပျက်အစီးများ ပြား

စိုးသူအောင်


သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျှင်လှုပ်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မင်းဘူး၊ ချောက်၊ ရေနံချောင်းမြို့နယ်တို့ရှိ ရှေးဟောင်းစေတီပုထိုးများအပါအ၀င် အခြားမြို့နယ်များတွင်ပါ ပျက်စီးဆုံးရှုံးမှုများ ပြားခဲ့ ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၇ မိနစ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး အင်အား ရစ်(ခ်)စတာစကေး ၆.၅ အဆင့်ရှိ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငလျှင် လှုပ်ခတ်မှုသည် နှစ်ပေါင်း ၄၀အတွင်း အပြင်းထန်ဆုံး ဖြစ်ပြီး ငလျှင်လှုပ်ခတ်မှုကြောင့် မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရှေးဟောင် စေတီတစ်ဆူဖြစ်သည့် ကျမ်းကိုင်စေတီ ပြိုကျ ပျက်စီးခဲ့ကြောင်း ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။

ရေနံချောင်းမြို့နယ် ရှားပင်ရိုး အောက်တောရ ကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် န၀မတန်းကျောင်းသူ တစ် ဦးအပါ အ၀င် အမျိုးသမီးနှစ်ဦး ပိမိခဲ့ပြီး လက်ရှိတွင် တူးဖော်နေသည်ဟု သတင်းရရှိ ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ချောက်မြို့နယ်၊ စလေမြို့ရှိ ရှေးဟောင်းဘုရားများဖြစ်သည့် သိမ်ဘုရား၊ ရွှေလည်ချောင်းဘုရား၊ ရွှေရည် ကျောင်းဘုရား၊ ရွှေကူမှန်ကင်းဘုရားအပြင် အမည် မ သိဘုရားနှစ်ဆူ ထိခိုက်သွားကြောင်း ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။

မင်းဘူးမြို့နယ်တွင်လည်း ရှေးဟောင်း ချမ်းသာအေးဘုရားဝန်းအတွင်းရှိ စေတီ ၂ဆူ စိန်ဖူးတော် မြေခခဲ့ပြီး ၊ နဂါးပွက်တောင် ကမ်းပါးများအက်ကွဲထွက်ခဲ့ပြီး ချော်ရေများ လျှံထွက်ခဲ့သည့်အပြင် ရှေးဟောင်း ဟန္ဒိုဘုရားကျောင်း တစ်ကျောင်း၏ မုဒ်ဦးပြိုကျခြင်း၊ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း မင်းဘူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁)မှ ဦးကျော်စွမ်းရည်က ပြောသည်။

အဆိုပါ ငလျှင် လှုပ်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

No comments: