dvb
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းမှာ ရေကြီးရေလျှံဖြစ်နေတဲ့အတွက် ကျောင်း ၃၇ ကျောင်း ပိတ်ထား လိုက်ရပါတယ်။
ရေကြီးနစ်မြုပ်မှုတွေကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကျောင်းပေါင်း ၃၇ ကျောင်းကို သြဂုတ် ၂ ရက်နေ့က စတင်ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
ပိတ်ထားလိုက်တဲ့ကျောင်းတွေဟာ ဟင်္သာတခရိုင်ထဲကဖြစ်ပြီး မြန်အောင်မြို့နယ်မှာ ကျောင်းပေါင်း ၂၂ ကျောင်း၊ ကြံခင်းမြို့နယ်က ကျောင်း ၁၀ ကျောင်းနဲ့ ဇလွန်မြို့နယ်က ကျောင်း ၅ ကျောင်းကို ပိတ်ထားလိုက်ပြီး ရေပြန်ကျချိန်မှာ အစားပြန်တက်ဖို့ စီစဉ်ထားတယ်လို့လည်း ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ဒီရက်ပိုင်းတွေမှာတော့ နှစ်စဉ် ပုံမှန်ရေတက်မှုပုံစံသာ ရှိသေးပြီး မိုးဆက်တိုက်ရွာသွန်းမှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် အထက်ပိုင်းက ရေစီးဆင်းလာမှု တွေနဲ့ ကြုံတဲ့အခါ စိုးရိမ်ရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကို ပြောပါတယ်။
No comments:
Post a Comment