Saturday, August 27, 2016

မအီမြို့နှင့် ကျောက်ဖြူကြားရှိ လုံးတော်ပေါက်တံတားရေလယ်တိုင်နိမ့်သွား၍ ကားအသွာအလာရပ်ထားရ

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် မိုင် ၄၀ ကျော်ဝေးသည့် မအီမြို့ လုံးတော်ပေါက်တံတား ငလျင်ဒဏ်ကြောင့် တံတားအလယ်အဆင့် ရေလယ်တိုင် ၆ လက်မှခန့် နိမ့်ကျ သွားခဲ့ သဖြင့် ယခုအခါ ကားအသွားအလာများကို ရပ်ထားရကြောင်း ဒေသခံများ ပြောသည်။

“ကျွန်တော်တို့ မအီမြို့၊ လုံးတော်ပေါက်တံတား အလယ်အဆင့် ရေလယ်တိုင်ဟာ မြေငလျင်ကြောင့် ၆ လက်မကျော် အောက်ကို နိမ့်ဆင်းသွားပြီး လက်ျာဘက်အခြမ်းမှာ လက်မ ၂၀ ခန့် ရွေ့သွားတာ ကို တွေ့ရှိ ရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

တံတားဟာ ငလျှင်ကြောင့် T တိုင်တွေ နိမ့်ဆင်းသွာကာ သံမဏိ ဘောင်တွေနဲ့ လက်ရန်းတန်း တွေလည်း ပြုတ်ကျ ပျက်စီးပြီး ယာဉ်သွားယာဉ်လာတွေ ခတ္တသွားလာခွင့် ပိတ်ထားရကြောင်း ဦးသန်းထွန်းမှဆက်ပြောသည်။

ယခုနိမ့်ကျသွားခဲ့သည့် လုံးတော်ပေါက်တံတားသည် မအီ ကျောက်ဖြူ ကားလမ်းပေါ်မှာရှိပြီး မအီမြို့နှင့် ဆိုလျင် ၈ မိုင်အကွာတွင် ရှိသော သံဘောင်တံတားတစ်စင်းလည်းဖြစ်ကြောင်း သိရသည်။

No comments: