Friday, August 26, 2016

ငလျင်ဒဏ်အတွက် သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များ၏ ကြိုးပမ်းချက် (၆)ချက်

မဇ္ဈိမ

သြဂုတ်လ ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ သာသနာရေးဝန်ကြီးတို့၏ လုပ်ဆောင်ချက်မည့် အချက် ခြောက်ချက်ကို သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက အခုလို ထုတ်ပြန်ထားပါတယ်။

မြေငလျင်သင့်ဒေသများ အပျက်အစီး ရှင်းလင်းရေး၊ ပျက်စီးဆုံးရှုံးမှု စာရင်းများကောက်ယူခြင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ခြင်း (၂၅-၈-၂၀၁၆)

(၁) နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့ လိုက်ပါလျက် ပုဂံသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

(၂) လူမှုကယ်ဆယ်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြေငလျင်သင့်ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ အလားတူ နယ်မြေခံတပ်မတော်တပ်ရင်းများမှ လုံခြုံရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိသလို အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူရေး၊ အပျက်အစီးများ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

(၃) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည် ညောင်ဦးခရိုင် ထွေအုပ်ရုံးတွင် ၂၄.၈.၂၀၁၆ရက်နေ့ ညနေက ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပုဂံဒေသ ဘုရားပုထိုးစေတီများ ပြန်လည် ထိန်းသိမ်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး တာဝန်ရှိသူများ၊ အမြဲတမ်း အတွင်းဝန်ဒေါက်တာဒေါ်နန္ဒာမွှန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနရှိ ဗိသုကာ အင်ဂျင်နီယာ အဖွဲ့များ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊အသိပညာရှင် အတတ်ပညာရှင်များနှင့် အစည်းအဝေး ပြုလုပ်လျက် ရှိသည်။

(၄) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ရန်၊ ယူနက်စကို၏နည်းပညာ အကူအညီဖြင့်Work Plan ပြုလုပ်၍ သေချာစီမံရန် မှာကြားထားသည်။

(၅) ဒေသခံပြည်သူများ၊ ပရဟိတ လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် အလှူရှင်များ မြေငလျင်သင့်ဒေသများသို့ ရောက်ရှိ၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

No comments: