Wednesday, August 3, 2016

မြန်မာ-ဗီယက်နမ် ပွဲစဉ်မှ ပရိသတ်၏လုပ်ရပ်ကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ် အရေးယူခံရဖွယ်ရှိ

dvb

ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာပရိသတ်တချို့က ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ပြီး နာရီဝက်ခန့် ပွဲရပ်နားခဲ့ရလို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အရေးယူသွားဖို့ ရှိနေပါတယ်။

မြန်မာနဲ့ ဗီယက်နမ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အကြိုဗိုလ်လုပွဲ ပွဲပြီးခါနီးမှာ ဗီယက်နမ်အသင်းဘက်ကို ပင်နယ်တီပေးခဲ့တဲ့ တောင်ကိုရီးယား ကွင်းလယ်ဒိုင်လူကြီးကို မကျေနပ်တာကြောင့် မြန်မာပရိသတ်တချို့က ကွင်းထဲကို ပုလင်း၊ ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အပြင် ထိုင်ခုံတွေကိုပါ ရိုက်ချိုးပြီး ကွင်းထဲကို ပစ်ပေါက်ခဲ့ကြတာပါ။

အချိန်ပို ဆက်လက်ကစားဖို့အတွက် နာရီဝတ်ခန့် ပွဲရပ်နားခဲ့ရပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးတင်မြင့်အောင် အပါအ၀င် မြန်မာကစားသမားတွေနဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေရဲ့ အကြိမ်ကြိမ် မေတ္တာရပ်ခံမှုတွေကြောင့် ပြိုင်ပွဲပြီးဆုံးအောင် ကစားခဲ့ရတာပါ။

မြန်မာနဲ့ ဗီယက်နမ်ပွဲစဉ်ကို ပွဲကြီးကြပ်သူအဖြစ် မလေးရှားနိုင်ငံသူ မူစတာဖာက တာဝန်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖြစ်စဉ် အသေးစိတ်ကို အာဆီယံဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

No comments: