Monday, August 8, 2016

မြန်မာအမျိုးသားလေကြောင်းလိုင်းက မန္တလေး-ဘန်ကောက် ခရီးစဉ် စတင်ပျံသန်းမည်

dvb

မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) က မန္တလေး-ဘန်ကောက်-မန္တလေး ခရီးစဉ်ကို သြဂုတ် ၃၁ ရက်နေ့ စတင်ပျံသန်းတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီလေကြောင်းလိုင်းရဲ့ နိုင်ငံတကာခရီးစဉ်အဖြစ် စတင်ပျံသန်းမယ့် ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၇ ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်း ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

အခုခရီးစဉ်သစ်ကိုတော့ ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်အသစ်တွေကို အသုံးပြုပြီး ပြေးဆွဲသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းဟာ ၂၀၁၅ ခုနှစ်မှာ စင်ကာပူနဲ့ ဟောင်ကောင်ကို ပြေးဆွဲလျက်ရှိပြီး ဒီနှစ် ဖေဖော်ဝါရီလထဲမှာတော့ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို တတိယမြောက် ခရီးစဉ်အဖြစ် ပြေးဆွဲနေပါတယ်။

No comments: