Tuesday, August 23, 2016

၂၁ ရာစု ပင်လုံညီလာခံအကြို မွန်အမျိုးသားကွန်ဖရင့်ပြုလုပ်

ချမ်းစွန်း

မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံအကြို မွန်အမျိုးသားကွန်ဖရင့်ကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၌ သြဂုတ်လ ၂၂ရက်တွင် စတင်ကျင်းပနေသည်။

အခမ်းအနားကို သြဂုတ်လ ၂၂ ရက်မှ ၂၃ ရက်ထိ ၃ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မွန်အရပ်ဖက်အဖွဲ့အစည်းများမှ ၄၀ဦး၊ မွန်ပြည်သစ်ပါတီမှ ၄၀ဦး၊ မွန်အမျိုးသားပါတီမှ ၄၀ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ၂ ဦးနှင့် မွန်သံဃာတော်များ၊ လေ့လာသူများ၊ပြည်ပရောက်မွန်လူမျိုးများ၊ ဧည့်သည်အဖြစ်ဖိတ်ကြားခံရသူများ အပါအ၀င် စုစုပေါင်းမွန်လူမျိုး ၃၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေး အပြောင်းအလဲကာလတွင် မွန်လူမျိုးများ စုစုစည်းစည်းဖြင့် အမြင်တခုတည်းဖြစ်ရန် ကွန်ဖရင့်ပြုလုပ်ရခြင်းဖြစ်ပြီး တက်ရောက်လာသူများအနေဖြင့် အလေးထားဆွေးနွေးစေလိုသည်ဟု အဖွင့်မိန့်ခွန်းတွင် ဒုဥက္ကဌ နိုင်ဟံသာက ပြောခဲ့သည်။

No comments: