Monday, August 8, 2016

မန္တလေးအလင်းသတင်းထောက်ချုပ် ကားတိုက်ခံရ

dvb

မန္တလေးအလင်းသတင်းထောက်ချုပ် ကိုမြူငှက်ဟာ သြဂုတ်လ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ၆၈ လမ်းနဲ့ လမ်း ၃၀ နားမှာ အိမ်အပြန် ကားနဲ့နောက်က နေဝင်တိုက်ခံခဲ့ရပြီး တိုက်တဲ့ကားက ထွက်ပြေးသွားပါတယ်။

အခုအချိန်မှာတော့ ကိုမြူငှက်ဟာ မန္တလေးပြည်သူ့ဆေးရုံကြီးဦးနှောက်နဲ့ အာရုံကြော အရေးပေါ် ဌာနမှာ တက်ရောက်ကုသနေရပြီး သတိမရရှိသေးပါဘူး။

သတင်းထောက် ကိုမြူငှက်ကို တိုက်သွားတဲ့ ကားဟာ တိုယိုတာကရောင်း အဖြူရောင် အိမ်စီးကားဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ကိုမြူငှက်ကို အောက်ဆီဂျင်ပေးထားပြီး သတိမရသေးပါဘူး။ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့အထိတော့ သူ့ကို တာဝန်ကျ ဆရာဝန်ကြီးတွေက အစွမ်းကုန်ကုသနေတယ်လို့ သိရပါတယ်။

No comments: