Thursday, August 4, 2016

အင်္ဂပူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့် ကမ်းပြိုမှုကြောင့် နေအိမ်အချို့ပြောင်းရွေ့ရ

မျိုးသူရကိုကို

အင်္ဂပူမြို့နယ် သက္ကယ်တန်းအုပ်စု ဘုရားကျွန်းကျေးရွာနှင့် လက်ကြားကုန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေ တိုးလာ သောကြောင့် ရေကြီးနှစ်မြုပ်ကာ ကမ်းပြိုလာသောကြောင့် သြဂုတ်လ ၄ ရက် မနက်ပိုင်းအထိ အိမ်ခြေ ၇၀ နီးပါး ပြောင်းရွေ့နေရကြောင်း သိရသည်။

" မြစ်ရေတွေ တက်လာတာက ရင်စို့လောက်ရှိနေပြီ။ ကမ်းက တောက်လျောက်ပြိုနေတာ။ ရေကလည်းကြီးနေတော့ ကမ်းပြိုတာ မမြင်ရဘူး။ အပင်တွေ လဲတော့မှ သိရတာ။ ရေကလည်း နက်နေတော့ ကမ်းဘယ်နားပြိုနေမှန်းလဲ မသိ ရဘူး။ ဒီမနက်ပဲ ကျနော့်အိမ်နဲ့ ကျနော့်အဖွားအိမ်ဖျက်ရတယ် " ဟု ဘုရာကုန်းကျေးရွာမှ ကိုဇော်ဇော်က ပြော သည်။

အဆိုပါ ရေကြီးနစ်မြုပ် ကမ်းပြိုမှုကြောင့် စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းတော်ကြီကျောင်းတွင် ယာယီခိုလှုံနေရပြီး အကူအညီလိုအပ်လျက်ရှိကြောင်း သိရသည်။

" အဓိကလိုအပ်တာတော့ ဆန်နဲ့ ရေပေါ့။ နှစ်ရွာပေါင်း အိမ်ထောင်စုပေါင်း ၇၀လောက်ရှိတယ်။ ဒီရက်ပိုင်း ကမ်းပြိုတာ ပိုဆိုးလာတယ်။ ရေကလည်းကြီးနေတော့ ပိုဆိုးတာပေါ့ " ဟု ဒေသခံ ရွာသူတစ်ဦးက ရှင်းပြသည်။

ဧရာဝတီ မြစ်ရေသည် လက်ရှိအချိန်တွင် ဟသာင်္တမြို့တွင်လည်း မြို့၏ စိုးရိမ်ရေမှတ် အထက် (၂)ပေ နီးပါးမြင့်တက် နေပြီး ဆက်လက်မြင့်တက်လာနိုင်ကြောင်း မြစ်ကမ်းအနီးနေထိုင်သူများ အထူးသတိထားနေထိုင်ကြရန် မိုးလေ၀သနှင့် ဇလဗေဓက ထုတ်ပြန်ထားသည်။

No comments: