ABC
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ နယ်စပ်အနားမှာ လူကုန်ကူးသူတွေက စွန့်ပစ်ထားတဲ့ မြန်မာနိုင်ငံသား အယောက် ၆၀ ကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံသား အယောက် ၆၀ ထဲမှာ ၅ ယောက်က ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ Padang Besar ဒေသ ရဲက အေဘီစီကို ပြောပြပါတယ်။
အဲဒီလူတွေကို တဲစခန်းတစ်ခုမှာ လူကုန်ကူးသူတွေက ချန်ထားပြီး တစ်ပတ်လောက် အကြာမှာ မြန်မာနှစ်ဦးက Padang Besar ကို လာပြီး ရဲတွေကို အကူအညီလာတောင်းတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ အမျိုးတွေ ရှိကြတဲ့အတွက် အားလုံးက မလေးရှားနိုင်ငံကိုပဲ သွားချင်နေကြတယ်လို့ ရဲတွေက ပြောပါတယ်။
အဲဒီလူတွေဟာ မြန်မာနိုင်ငံကနေ လှေတွေနဲ့ ရောက်လာတာ မဟုတ်ပဲ ကုန်းလမ်းကတဆင့် ထိုင်းနဲ့ မလေးရှား နယ်စပ်ကို ရောက်ရှိလာကြတာလို့ ဆိုပါတယ်။
အားလုံးကို ရဲတွေက ကားတွေနဲ့ ခေါ်ဆောင်သွားပြီး ဘယ်သူတွေက လူကုန်ကူးခံရပြီး ဘယ်သူတွေက တရားမဝင် ဝင်ရောက်သူတွေ ဖြစ်သလဲ ဆိုတာကို မေးမြန်းပြီးမှ ဆိုင်ရာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောပါတယ်။
ထိုင်းနဲ့ မလေးရှားနယ်စပ်မှာ အရင်နှစ်တုန်းကလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အများအပြား လူကုန်ကူးခံရတာတွေ၊ တောထဲမှာ သေဆုံးတာမျိုးတွေ ရှိခဲ့ပြီးနောက် ထိုင်းနဲ့ မလေးရှား အာဏာပိုင်တွေက နှိမ်နင်းမှုတွေ လုပ်ခဲ့ရာက လူကုန်ကူးမှုတွေ ရပ်တန့်သလောက် ဖြစ်သွားခဲ့ပါတယ်။
အခုအခါမှာတော့ တောထဲမှာ လူကုန်ကူးခံရသူတွေ ရှိသေးတယ်ဆိုတာကို ထပ်မံတွေ့ရှိကြတာ ဖြစ်ပါတယ်။

No comments:
Post a Comment