Saturday, August 27, 2016

မင်းဘူး ငဖဲမြို့နယ်တွင် ဘင်္ဂလီ ၆ ဦးဖမ်းမိ

နိရဉ္စရာ၊


မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း တရား မဝင် ဝင်ရောက်လာသည့် ဘင်္ဂလီ ခြောက်ဦးအား သြဂုတ် ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်လဝကရုံးမှ ထုတ်ဖော် ပြောကြားချက်အရ ဖမ်းမိသူများမှာ အနူမာလိတ် (၂၅ နှစ်) ပြားမူကျေးရွာ ကျောက်တော်မြို့နယ်၊ မူဟာမက်ကံမာ (၁၉ နှစ်)၊ မော်ဂျီ (၁၅ နှစ်)၊ မာမွတ်ဂျော်နီ (၁၃ နှစ်)နှင့် မာမွတ် ရာတိ (၁၄ နှစ်) လက်ဆောင်ကောက် ကျေးရွာ ကျောက်တော်မြို့နယ်နေသူ များနှင့် ဟာဇူ (၁၆နှစ်) ပေစိကျေးရွာ ကျောက်တော်မြို့နယ် တို့ ဖြစ်ကြောင်း သိရသည်။

သတင်းအရ သြဂုတ် ၂၂ ရက် ညနေ ၃ နာရီခန့်က ငဖဲမြို့နယ် ဘုံးဘော ကျေးရွာ အနောက်တောင်ဘက် လေးမိုင် ခန့်အကွာရှိ ပနီချောင်းအနီးတွင် လူစိမ်းအချို့ ရောက်ရှိနေကြောင်း သတင်းပို့ရာမှ ဂုတ်ကြီး ရဲကင်းစခန်းမှ သွားရောက် ရှာဖွေ ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

ဘုံးဘောကျေးရွာ အနောက်တောင်ဘက် လေးမိုင်ခန့်အကွာ ပနီချောင်းအနီး မင်းဘူး-အမ်းကားလမ်း၊ နတ်ရေကန် (တောင်ရှောင် ကွင်းလမ်း)၏ တောင် ဘက် ၁ဝ မိုင်ခန့်အကွာရှိ တောထဲသို့ ဝင်ရောက်ရှာဖွေရာမှ ၎င်းဘင်္ဂလီ ၆ ဦးအား ဖမ်းမိခဲ့သည်ဟု ဆိုသည်။

၎င်းတို့အား မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၃)ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လဝကရုံးမှ သိရသည်။

No comments: