Kachinnews
သြဂုတ် ၁၈၊ ယနေ့ မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များကြား ကချင်ပြည်နယ် သုံး နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ် Nam Hka Bum (နမ်ခါးဘွမ်)တွင် KIA တပ်မဟာ (၃)၊ တပ်ရင်း (၂၇)နှင့် အစိုးရတပ်များ နေ့လည် ၃ နာရီ ကျော်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA သတင်း ရပ်ကွက်များ ဆိုပါသည်။
KIA တပ်မဟာ (၅)၊ တပ်ရင်း (၃) Lai Hpawng Bum စခန်းမှာ လည်း ယနေ့ သုံး ရက်မြောက် တိုက်ပွဲ ဖြစ်ပွားနေပါသည်။
ညနေ ၄ နာရီ ကျော်မှာလည်း မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် Sama (ဆမား) ကျေးရွာ အနီး KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း (၂၅၂) ရှိသည့် Nhkram Post (အင်ခရမ်း စခန်း) ဘက်မှာ အစိုးရတပ်နှင့် ယမန်နေ့မှ စပြီး ယနေ့ ဆက်လက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြာင်း KIA က ဆိုပါသည်။

No comments:
Post a Comment