Sunday, January 4, 2015

အေးချမ်းမြတ်မိုးအသတ်ခံရမှု လိုပြသက်သေအဖြစ် ၎င်း၏ မိခင်ကိုစစ်ဆေး

ကျော်စိုးမိုး

တက်သစ်စမော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် တရားလိုပြ သက်သေတစ်ဦးအဖြစ် ၎င်း၏ မိခင်ဖြစ်သူကို ဇန်န၀ါရီ ၁ ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် ၁၀ ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မိခင်ဖြစ်သူကို နှစ်ဘက်ရှေ့နေများက အပြန်အလှန်မေးခွန်းများဖြင့် မေးမြန်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက "လာမယ့်ရုံးချိန်းကျရင် အေးချမ်းမြတ်မိုးရဲ့အမေကို အပြီးသတ် ဆက်လက်စစ်ဆေးသွားပါမယ်။ တရားစွဲခံထားရသူရဲ့ ရှေ့နေကလည်း သတင်းစာတစ်စောင်ကိုသက်သေအဖြစ် ရုံးတော်ကို တင်မယ်လို့သိရပါတယ်" ဟုပြောသည်။

အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် ၁၁ ကြိမ်မြောက်ရုံးချိန်းအဖြစ် လာမည့် ဇန်နဝါရီ ၈ ရက်တွင် ထပ်မံစစ်ဆေးသွားမည်ဟု ၎င်းကဆိုသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်သြဂုတ် ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်က ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာ၊ တိုက်အမှတ် ၃၂ ၊ ၃လွှာတွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မော်ဒယ် အေးချမ်းတ်ြမိုး အပြင်မှ ပြန်လာစဉ် တိုက်ခန်း၏ ဒုတိယယထပ်တွင် အဆိုပါအိမ်ရာဝင်းအတွင်း၌ နေထိုင်သည့် အံ့ဖြိုးပိုင်ဆိုသူက လည်ပင်းကို ဓားနှင့်ထိုးခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အံ့ဖြိုးပိုင်ကို ဒဂုံမြို့မရဲစခန်းက(ပ)၁၈၄/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် သြဂုတ် ၂၆ရက်တွင် အမှုဖွင့်ခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်မှုကြီးအမှတ် ၈၃/၁၄ ဖြင့်လက်ခံစစ်ဆေးလျက်ရှိသည်။

No comments: