Friday, January 30, 2015

မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်တားဆီးရေးအဖွဲ့များ ရပ်ကွက်၊ ကျေးရွာများအထိ ဖွဲ့စည်းရန်ပြင်ဆင်

စိုးသန်းလင်း

ဒေသန္တရရပ်ကွက် ကျေးလက်များ၌ တစ်နေ့တခြား ပိုမိုဆိုးရွားလာသည့် မူးယစ်ဆေးဝါးသုံးစွဲမှုကို အပြီးသတ် တားဆီးနှိမ် နင်းနိုင်ရေးအတွက် တာဝန်ရှိ ပြည်ထောင်စု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ကို ကူညီပံ့ပိုးပေးနိုင်မည့်ဒေသန္တရရပ်ကွက် ကျေးလက် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့ကို နိုင်ငံ တော်က ဦးဆောင်ဖွဲ့စည်း တာဝန်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုမှာ ပြည်ထဲရေး ဒု-ဝန်ကြီးက မလိုအပ်သဖြင့် မှတ်တမ်းတင်ထားရန်သာ တင်ပြသော်လည်း ပြည်သူ့လွှတ်တော်က ထောက်ခံမဲများစွာဖြင့် အတည်ပြုခဲ့သည်။

''မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်နေပါတယ်။ ရပ်ကျေးမှာ လက်ရှိဖွဲ့ထားတဲ့ မူးယစ်အန္တရာယ် ကာကွယ်တိုက်ဖျက်ရေး အဖွဲ့ဝင် လေး၊ ငါးဦး အင်အားနဲ့ လုပ်ဆောင်နေ တာတွေ့ရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ လက်နက်ကိုင်အဖွဲ့တွေကို ကြောက်နေရပါတယ်။ ဒါကြောင့် ကျွန်တော့် အဆိုကို ပြည်ထဲရေး ဒု-ဝန်ကြီးက မှတ်တမ်းတင်ထားဖို့သာ ပြောပေမယ့် တကယ့် အခြေအနေများအရ ဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူပါ့မယ်'' ဟု အဆိုရှင် လှိုင်းဘွဲ့မြို့နယ်အမတ် ဦးစောသိန်းအောင်က ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် တင်ပြချက်ကိုတုံ့ ပြန်ခဲ့သည်။

ထိုအဆိုကို ထောက်ခံသည့် ဖားအံမြို နယ်အမတ် ဒေါ်နန်းစေအွာက ''ကျွန်မတို့ ဒေသမှာ တက္ကသိုလ် ကျောင်းသားတွေ မူးယစ်ဆေးစွဲလို့ ထောင်နန်းစံရတာ၊ ကျေးလက် လူငယ်တွေ ဆေးဖိုးတောင်းတာ အမေက မပေးလို့ အမေကို ဓားနဲ့လိုက်တဲ့ ခေတ်သစ် အင်္ဂုလိမာလတွေ ဖြစ်ကုန်တာ၊ ကိုယ့်အိမ်ကိုယ် မီးနဲ့ရှို့ တာတွေကအစ မူးယစ်ဆေးသုံးစွဲမှုတွေ ဆိုးဆိုးရွားရွားဖြစ်နေပြီ'' ဟု ထောက်ခံပြောကြားခဲ့သည်။

ထို့အပြင် မူးယစ်ဆေးသုံးစွဲမှုမှာ ရိုးရာနတ်များ တင်မြှောက်ခြင်းများ အထိသို့ပင် ပျံ့နှံ့လာကာ ဘိုးဘိုးကြီး ကန်တော့ပွဲများတွင် ဒဗလျူဝိုင် (WY) ဆေးပြားများ တင်မြှောက်ပေးကြသည်အထိ ဖြစ်လာကြောင်း ၄င်းက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ဒု-ဝန်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့ထားပြီး ဗဟိုအဖွဲ့၏အောက်တွင် အဖွဲ့ဆယ်ဖွဲ့ထပ်မံ ဖွဲ့စည်းကာ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ် မှု တားဆီးရေး၊ ရောင်းဝယ်သုံးစွဲမှု ဖမ်းဆီးရေး၊ ပြန်လည်ထူထောင်ရေးနှင့် အသိပညာပေးရေးစသည့် အပိုင်းသုံးပိုင်းခွဲကာ ငါးနှစ်အတွင်း အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၄-၁၅ မှ ၂ဝ၁၈-၁၉ အတွင်း စီမံကိန်းကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထိုသို့ဆောင်ရွက်နေသော်လည်း ကျေးလက်များအထိ မူးယစ်ဆေးသုံးစွဲမှု ပိုမိုတွင် ကျယ်လာခြင်းနှင့် ပတ် သက်ပြီး ''အခုနောက်ပိုင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်လာတာကြောင့် စီမံ ကိန်းတွေ ပိုပြီးအောင် မြင်လာပါပြီ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်နေလို့ရပ် ကျေးအုပ်ချုပ်ရေးမှူးတွေ ကြောက်လန့် နေတယ်ဆိုတာလည်း လှိုင်းဘွဲ့လို နယ်စပ်မြို့တွေမှာ ဖြစ်နိုင်ပါတယ်''ဟု ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနား ချိန်တွင် ဒု-ဝန်ကြီးက ဖြေကြားခဲ့သည်။

ဒု-ဝန်ကြီးပြောသည့် မူးယစ်ဆေးနှိမ်နင်း တိုက်ဖျက်ရေး စီမံကိန်းများ အောင်မြင်လာသည်ဆိုသည်ကို အဆိုရှင် ဦးစောသိန်းအောင်က''ဒေသမှာရှိတဲ့ ကျောင်းသားတွေ လူငယ်လူလတ်တွေရဲ့ မူးယစ်ဆေးသုံးစွဲမှုက ပို များလာတဲ့အတွက် ဝန်ကြီးပြောတဲ့ စီမံကိန်းတွေ အောင်မြင်တယ်ဆိုတာ မဟုတ်ပါဘူး။ ရပ်ကျေးမှာက ငါးယောက်ခြောက်ယောက်လောက်နဲ့ မလုပ်ရဲကြဘူး။ ကျွန်တော်အခုလို လွှတ်တော်မှာ အဆိုတင်တာတောင် အသက်အန္တရာယ် ပေးလာနိုင်တယ်။ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပဲလေ၊ ဒီအဆိုတင်လို့ သေရင်လည်း

No comments: