Monday, August 8, 2016

ရန်ကုန်တွင် ခရီးသည်တင် ဒိုင်နာ တိမ်းမှောက်၊ ယာဉ်မောင်းထွက်ပြေး

ဝင်းကျော်သူ


သြဂုတ် ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာဈေးဘက်ကနေ သာကေတဘက်ကိုပြန်လာတဲ့ လိုင်းကား ၁၀၅ ဒိုင်နာယာဉ် တိမ်းမှောက်ခဲ့ပါတယ်။

ဒိုင်နာကားဟာ ရှေ့ကားကို ကျော်အတက်မှာ တဖက်ယာဉ်ကြောက ကားကို ရှောင်တိမ်းရင်း တပတ်လည်ပြီး တိမ်းမှောက်ခဲ့တာပါ။

ယာဉ်မောင်းဖြစ်သူကတော့ ချက်ချင်းဆိုသလို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ စပယ်ယာနဲ့ ခရီးသည်တချို့ ဒဏ်ရာတွေရရှိပေမယ့် သေဆုံးသူတော့ မရှိဘူးလို့ သွားရောက် သတင်းယူတဲ့ သတင်းထောက်က ပြောပါတယ်။

No comments: