Saturday, October 29, 2016

တိုက်ကြီးမြို့အဝင်တွင် အမျိုးသားတဦးကို ပစ္စတိုသေနတ်တလက်ဖြင့် ဖမ်းဆီးရမိ

မေသွယ်


တိုက်ကြီးမြို့နယ် တိုးဂိတ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က ယာဉ်တစီးအား ရပ်တန့်စစ်ဆေးရာမှ အသက် ၃၅ နှစ်အရွယ်ရှိ နေအောင်ဆိုသူကို ကျည်အပြည့်ဖြည့်ထားတဲ့ ပစ္စတိုတစ်လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ပြည်ဘက်ကနေရန်ကုန်ကို မောင်းနှင်လာတဲ့ ယာဉ်မောင်း နေအောင်(ခ) ဖိုးသားကြီးမောင်းနှင်လာတဲ့ 3J/3353 LAND CRUISER အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းနေအောင်ရဲ့ ဝဲဘက်ရှေ့ထိုင်ခုံ ၂ ခုကြား တူးဘောက်အတွင်းမှ အမေရိကန်နိုင်ငံထုက် ပစ္စတိုသေနတ်တလက်ကို ဖမ်းဆီးမိခဲ့တာပါ။

ကနေအောင်(ခ)ဖိုးသားကြီးကို လက်နက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ တိုက်ကြီးမြို့မရဲစခန်းမှ ဒုရဲအုပ်မင်းမင်းလတ်က တရားလိုပြုလုပ်ပြီး အရေးယူအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

No comments: