Sunday, October 30, 2016

RCSS/SSA နှင့် တပ်မတော်ကြား မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွါးသော ပြသနာများအား စီစစ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးမည်

ဟွမ်ဟိန်း


သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန် ဒေသနှင့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလော အုပ်စု တို့တွင်ဖြစ်ပွါးခဲ့သော သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် အစိုးရတပ်မတော်ကြား မူးယစ် ဆေးဝါး ဆိုင်ရာ ပြသနာများစီစစ်ဖြေရှင်းနိုင်ရန် စီစစ်အတည်ပြုရေးအဖွဲ့ ဖွဲ့စည်းကာ လာမည့်လဆန်းပိုင်းတွင် ကွင်းဆင်း စီစစ်မည်ဖြစ်ကြောင်း သိရသည်။

စီစစ်အတည်ပြုရေးအဖွဲ့အား အောက်တိုဘာလ ၁၇ ရက်နေ့တွင်ဖွဲ့စည်းရာ အရပ်သားကိုယ်စားလှယ် ၂ ဦးဖြစ် သော (အငြိမ်းစား ဗိုလ်မှူးကြီး ) ဦးမောင်မောင်ငြိမ်းနှင့် ဦးစိုင်းမျိုးသန့် ၊ အစိုးရကိုယ်စားလှယ် ၂ ဦးဖြစ်သော ဗိုလ်မှူးကြီး ၀ဏ္ဏအောင်နှင့် ဒုဗိုလ်မှူးကြီး လင်းထက်ကျော် ၊ EAO အဖွဲ့မှ ၂ ဦးဖြစ်သော ဗိုလ်မှူးစိုင်းဦး နှင့် ABSDF မှ ရဲဘော် ဆလိုင်းရောအောင် – စုစုပေါင်း ၆ ဦးပါဝင်သည်။ အဆိုပါစီစစ်အတည်ပြုရေးအဖွဲ့၏ အဖွဲ့ေ ခါင်းဆောင်မှာ အရပ်သားကိုယ်စားလှယ်မှ ဦးမောင် မောင်ငြိမ်း ဖြစ်ကြောင်း ၊ အဖွဲ့ဝင် ၆ ဦးတွင် တပ်မတော်သား အများဆုံး ပါဝင် ကြောင်း သိရသည်။

“ဆိုတော့အဖွဲ့ထဲမှာ တပ်မတော်ကလာတဲ့လူ ၃ ယောက်တောင်ရှိနေပြီလေ။ အဖွဲ့ခေါင်းဆောင်ကလည်း အရပ် သားကိုယ်စားလှယ်က ဆိုပေမယ့် သူကလည်း အရင်ကသူ စစ်တပ်မှာတာဝန်ထမ်းခဲ့ဖူးတယ် ဗိုလ်မှူးကြီးအဆင့် အထိ ။ နောက်ပြီး စစ်သင်တန်းကျောင်း က ဌာနမှူးလည်းဖြစ်ခဲ့ဖူးတယ်။ သူက ကြယ် ၅ ပွင့် သင်္ဘောကော်ပို ရေးရှင်းမှာလည်း ညွှန်ကြားရေး မှူးချုပ်ဖြစ်ခဲ့ဖူး တယ်။ ဆိုတော့ဒီစစ်ဆေးမှုကလည်း ဘယ်လိုလာမလဲ စောင့် ကြည့်ရဦးမယ် ” – ဟု နီးစပ်သည့်ပုဂ္ဂိုလ်တဦးကပြောသည်။

အဆိုပါကော်မတီမှာ ပဋိပက္ခဖြစ်ပွါးရာ ဒေသသို့ ကွင်းဆင်းစစ်ဆေးရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော် မတီ JMC ၏ TOR အရ ပြင်ဆင်ရေး အစည်းအဝေးကို အောက်တိုဘာလ ၂၆ – ၂၇ တွင် ရန်ကုန်မြို့တွင်ကျင်းပခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ တွင် စတင်ကွင်း ဆင်း စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

“ ၃၁ ရက်နေ့ စ မယ်။ နမ့်လန်မှာအရင်သွားပြီးစစ်ဆေးမယ်။ အုပ်ချုပ်ရေးမှူးေ တွ ဒေသတွင်းလူထုနဲ့ မူးယစ် ဆေးဝါး သုံးစွဲ လို့အဖမ်းခံရတဲ့သူတွေကို သွားပြီးမေးမြန်းမယ်။ အချက်အလက်တွေကောက်ယူမယ်။ ပြီးရင် မိုင်းကိုင်၊ တုံလောကိုသွားမယ်။ ဒေသတွင်းလူထု၊ RCSS /SSA ရဲ့ တာဝန်ခံ၊ ရပ်ရွာသူကြီး နဲ့ စာရိတ္တပြုပြင် ရေးစခန်းက တပ်မတော်စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံသွားရတဲ့သူတွေ ကိုသွားပြီးမေးမြန်းမယ်။ အချက် အလက်တွေရ လာရင် JMCU ကိုတင်ပြမယ်။ JMCU က စစ်ဆေးပြီးမှ ဘယ်သူမှား ဘယ်သူမှန် ဆိုတာ ဆုံးဖြတ်မယ်” – ဟု RCSS/SSA ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အတွင်းရေးမှူး ဒု – ဗိုလ်မှူးကြီးစိုင်းငင်း ကပြော သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် သည် ပြီးခဲ့သည် စက်တင်ဘာလ ၁၇ ရက်နေ့က နမ့်လန်အုပ်စုရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနှင့် သုံးစွဲသူ ၅၇ ဦးကို မူးယစ်ဆေး ဝါးများနှင့်အတူ ခေတ္တဖမ်းဆီးပညာပေးမှုပြုခဲ့ရာတွင် – ဖမ်းထားသည့် လူထုအားအမြန်ဆုံးပြန် လွှတ်ပေးရန် အစိုးရတပ်မတော်ပိုင်သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့သကဲ့သို့ ရလခ စစ်တိုင်းရုံးမှလည်း RCSS/SSA ထံစာပေးပို့ခဲ့သည်။

ထို့အပြင်အစိုးရတပ်မတော်သည် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ RCSS/SSA ၏ စာရိတ္တပြုပြင်ရေးစခန်းအား အောက် တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၀င်ရောက်တိုက်ခိုက်ရာ ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးဒဏ်သင့်ခဲ့ရသည်။ အဆိုပါစခန်းမှာ အကျင့်စာရိတ္တပြုပြင် ဆဲ ဆေးစွဲဒေသခံများအားလည်း စစ်ကြောင်းမှဖမ်းဆီးသွားပြီး RCSS မှ ဖမ်းဆီးထားသည့်ဒေသခံလူထုဟုဆိုကာ အောက်တိုဘာလ ရ ရက်နေ့တွင်ပြန်လွှတ်ပေးကြောင်း နိုင်ငံတော်ပိုင်သတင်းစာတွင် ထုတ်ပြန်ကြေငြာခဲ့သည်။

၎င်းနှင့်ပတ်သက်ပြီး RCSS/SSA က မိမိတို့တွင် ပြည်သူလူထုအား ဖမ်းဆီးခြင်းမဟုတ်ကြောင်း၊ အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးစဉ်က ရရှိထားသောသဘောတူညီချက် အတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် လက်တွဲဆောင်ရွက်သွားမည်ဟူသည့် အချက်ကို လက်တွေ့ဆောင် ရွက်ခြင်းဖြစ်ကြောင်း သျှမ်းသံတော် ဆင့်မှ တွေ့ဆုံမေးမြန်း စဉ်ကပြောဆိုခဲ့သည်။

No comments: