Monday, October 31, 2016

ကလေးများအပါအဝင် အကြမ်းဖမ်းစီးနင်းတိုက်ခိုက်မှုနှင့် မပတ်သက်သူများကို ပြန်လွှတ်ပေး

dvb

ရခိုင်ပြည်နယ် မောင်တောဒေသ နတ်မြစ်အတွင်းမှ ဖမ်းဆီးရမိတဲ့ ကလေးငယ်တွေ အပါအဝင် မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ၃ ဦးနဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုမှာ ပတ်သက်မှု မရှိသူတွေကို ပြန်လွှတ်ပေးနေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်(ရေ) အထူးတပ်ဖွဲ့တွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၂၇ ရက်က ဖမ်းဆီးရမိခဲ့တဲ့ လှေ ၂ စီးက ဘင်္ဂါလီလူမျိုး ၅ ဦးအနက် ရူဂျီးနား၊ ဝါဟဲမူတိုဖာနဲ့ မူဟာမက်ဟူပိုက်တို့ဟာ အသက်ငယ်ရွယ်ပြီး မိသားစုဝင်များသာဖြစ်တာကြောင့် မောင်တောမြို့မရဲစခန်း တာဝန်ရှိသူတွေက မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာ ရာအိမ်မှူးထံ ဖမ်းမိတဲ့နေ့ ညနေပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၅ ဦးအနက် အဒူဇူဝိုင်းနဲ့ ဇနီး နူကနိတို့ကိုတော့ မောင်တောမြို့မရဲစခန်းက တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၁၄ ရက်က ဇင်ပိုင်ညာကျေးရွာမှ ဖမ်းဆီးရမိခဲ့တဲ့ မာမွတ်အီဆုကို စစ်ဆေးရာ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရလို့ ပြင်ဖြူနယ်မြေရဲစခန်းက အောက်တိုဘာ ၁၅ ရက်မှာ ပြန်လည်စေလွှတ်ပေးတယ်လို့လည်း မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

No comments: