Wednesday, December 17, 2008

ကားမှောက်ဒဏ်ရာရရှိသူနှစ်ဦး ထပ်မံသေဆုံး

Kaowao Newsgroup


ယမန်နေ့က ထိုင်းနိုင်ငံ ကန်ချနပူရီမြို့အနီး တိမ်းမှောက်ခဲ့သည့် ထရပ်ကားတွင် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှဝင် ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇ ဦး၊ ထိုင်းနိုင်ငံသားယာဉ်မောင်း ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်ရှိသူမြန်မာနိုင်ငံသား ၈ ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ရာတွင်(ယမန်နေ့တွင်သတင်းဖေါ်ပြပြီး) နောက်ထပ်၂ ဦး ယနေ့တွင်ထပ်မံသေဆုံးပြန်ပါသည်။




ယမန်နေ့ကထိုင်းရဲများကိုရှောင်ရှားနိုင်ရန်အတွက် ကားအရှိန်ပြင်းစွာမောင်းနှင်ခဲ့ရာ လမ်းဘေးသစ်ပင်နှင့် ဝင်တိုက်မိပြီး မော်တော်ကားကြေမွကာ သေဆုံးသူအများစုမှာ ခေါင်းတခြားကိုယ်တခြား ဖြစ်ခဲ့ရသည်လည်း ရှိသည်။ အဆိုပါ ဝင်ရောက်လာသူများကို ယ္ခုထက်တိုင် မည်သူမည်ဝါ၊ နေရပ်ဌာနေများကို မသိရှိနိုင်သေးပါ။


No comments: