Saturday, December 27, 2008

ခရစ်စမတ်အပြန် ရှမ်းလူငယ်ကို ရဲနှင့် ပြည်သူ့စစ်တို့ ရိုက်သတ်

သျှမ်းသံတော်ဆင့်

ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ဒီဇင်ဘာလ(၂၃)ရက်နေ့ညပိုင်းက ခရစ်စမတ်ပွဲမှပြန်လာသူ ရှမ်းအမျိုးသားလူငယ်တစ်ဦးအား ရဲနှင့်ပြည်သူ့စစ် အဖွဲ့ဝင်များက ရိုက်နှက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

နမ့်ခမ်းမြို့ နောင်ခမ်းတိုက်ရွာသား အသက်(၂၂)အရွယ် စိုင်းတီးနှင့်အဖေါ်ကောင်မလေးတို့ နှစ်ဦး ဆိုင်ကယ်စီး၍ခရစ်စမတ်ပွဲမှပြန်လာစဉ် ကင်းလှည့်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား အားဆိုင်ကယ်နှင့်ပွတ်တိုက်မိရာမှ ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်ဒေသခံကသျမ်းသံတော်ဆင့်ကိုပြောသည်။

၎င်းနေ့ညက ဒေသခံရဲတပ်ဖွဲ့နှင့်ဦးလောဆန်ခေါင်းဆောင်သည့် မြို့မပြည်သူ့စစ်အဖွဲ့ဝင်များက ၀ိုင်းဝန်းထိုးကြိတ်ကြပြီး စိုင်းတီးအား နမ့်ခမ်းဆေးရုံသို့ လက်ထိတ်ခတ် ခေါ်ဆောင်သွားကြကာ ဆေးရုံတွင် ဆရာဝန်များအားဆေးကုသခွင့်မပြုခိုင်းပဲ ကုတင်တွင် လက်ထိပ်ခတ်၍ ထားခဲ့ကြောင်း သိရသည်။

(နောင်ခမ်းတိုက်ရွာသား စိုင်းတီး အဖေက ဦးမောက်ဆိုင် အမေက ဒေါ်မိုင်ခမ်းရွေကြာ သူနဲ့ နမ့်ခမ်းဟိုကတ်ရပ်ကွက်က ကောင်မလေး နန်းဆိုင်ခမ်း အဖေကဦးမောင်အိုက်ကို အမေကဒေါ်မြစိန် သူတို့နှစ်ယောက်က ခရစ်စမတ်ပွဲ သွားပြီးအပြန် ပါဝါဓါတ်ဆီဆိုင်နားမှာ ရဲနဲ့ပြည်သူ့စစ်ကင်းလှည့်နေတဲ့အဖွဲ့ရှိတယ် သူတို့အထဲက ပြည်သူ့စစ်တစ်ယောက်ကို ဆိုင်ကယ်နဲ့ ပွတ်တိုက်မိလိုက်တော့ ၀ိုင်းရိုက်ကြလို့ ရွေလီဆေးရုံမှာ သေသွားခြင်းဖြစ်ကြောင်းပြောသည်။

“နမ့်ခမ်းဆေးရုံကိုရောက်တာတောင် ဆရာဝန်ကိုဆေးမကုခိုင်းဘူး ဒီအတိုင်းကုတင်မှာလက်ထိပ်ခတ်ထားတယ် မိဘတွေက သိလို့လိုက် သွားပြီး နမ့်ခမ်းမြို့နယ်ရဲစခန်းမှူးကိုအာမခံမှ မနက်ပိုင်းမှ ရွေလီဆေးရုံ ယူသွားကြတယ်ပေါ့ ၂၄ရက်နေ့ည ၁၁နာရီမှာ ရွေလီ ဆေးရုံမှာဆုံး သွားတယ် အလောင်းကိုရွာပြန်ယူသွားပြီး ဒီနေ့သဂြိုလ်တယ် ”လို့အဆိုပါ ဒေသခံက ပြောသည် ။

စိုင်းတီးစီးနှင်းခဲ့သည့် ဆိုင်ကယ်တစ်စီး ဖုန်းတစ်လုံးနှင့်တရုတ်ယွမ်ငွေ(၃၀၀)ကိုလည်း ရဲစခန်းကသိမ်းယူထားကြောင်း သိရသည်။

အဆိုပါအမှု့ကို မိသားစုက နမ့်ခမ်းရဲစခန်းတွင်တိုင်ချက်ဖွင့်ထားကြောင်း ပြောပြသည်။၎င်းအပြင်စိုင်းတီးစီးနှင်းခဲ့သည့် ဆိုင်ကယ်တစ်စီး ဖုန်းတစ်လုံးနှင့်တရုတ်ယွမ်ငွေ(၃၀၀)ကိုလည်း ရဲစခန်းကသိမ်းယူထားကြောင်း သိရသည်။


No comments: