Saturday, September 29, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (၆၇) ကြိမ်မြှောက် ကုလသမဂ္ဂညီလာခံတွင် ရခိုင်အ ရေး ထည့်သွင်းပြောကြား

မောင်အေး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် နိုင်ငံ နယူးယောက်မြို့ တွင် ကျင်ပသည့် (၆၇) ကြိမ် မြောက် ကုလသမဂ္ဂ အထွေအ ထွေ ညီလာ ခံတွင် မိန်းခွန်းပြောကြားရာ ရခိုင်အရေးကိုလည်း ထည့်သွင်း ပြောကြား သွားခဲ့သည်။

စက်တင်္ဘာလ ၂၇ ရက်နေ့ နံနက်က ကျင်းပသော အထွေထွေ ညီလာခံ တွင် ယခု ဖြစ်ပေါ်ခဲ့သော ရခိုင် အရေးကိစ္စမှာ နေ့ချင်း ညချင်း အဖြေရှာ နိုင်သော ကိစ္စမျိုး မဟုတ်ပါကြောင်း၊ ရေတို ရေရှည် စီမံချက်များ ချမှတ် ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ် ဖြေရှင်းရ မည် ဖြစ်ပါကြောင်း ပြောဆိုသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်ရခိုင်အရေးပြော ကြားသွားခဲ့သော မိန်းခွန်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

—–သဘာပတိကြီးခင်ဗျား

အထက်မှာ ပြောကြားခဲ့တဲ့တိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင် ပြောင်းလဲမှုတွေကို မမှိတ်မသုန် လုပ် ဆောင်နေချိန်မှာ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲတချို့လည်း ပေါ်ပေါက် ခဲ့ပါ တယ်။ ဥပမာ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စ ဖြစ် ပါတယ်။ ဒီကိစ္စနဲ့ စပ်လျှဉ်းလို့ ပထမဆုံးပြောလိုတဲ့အချက်ကတော့ကျွန်တော် တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူ အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး ကျား၊ မ မခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေ ထိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆို တဲ့ အ ချက်ပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက်ပေးထားတဲ့ လွတ်လပ်သော အမျိုးသား အဆင့် စုံစမ်းရေးကော်မရှင် တစ် ရပ် ကိုကဏ္ဍနယ်ပယ် အသီးသီးနဲ့ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားသည့် ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်း ပေးပြီးဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဤကော်မရှင်အနေနဲ့ ကျွန်တော့်ဆီကို တင်ပြလာမှာ ဖြစ်ပါ တယ်။


ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်လို့ ထင်သာမြင်သာရှိစေရန်နဲ့ မိမိတို့အနေနဲ့ အလေးထားဆောင် ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ် အဖွဲ့နဲ့၊ အာစီယံ၊ ကုလသမဂ္ဂ၊ အမေ ရိကန်ပြည်ထောင်စု၊ နိုင်ငံတကာသံတမန်များ စသည့် ကိုယ်စား လှယ်အဖွဲ့များကို ရခိုင်ပြည်နယ်သို့ မျက်မြင်ကိုယ်တွေ့ သွားရောက် လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက် ပံ့ လိုတဲ့ အဖွဲ့အစည်းများကိုလည်း ၎င်းတို့အနေနဲ့ အသိုက်အ၀န်း နှစ်ခုစလုံးကို ခွဲခြား မှုမရှိဘဲ အကူအညီပေးအပ်မည်ဆိုပါက ကူညီ ထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။

ယခုဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ မိမိတို့အစိုးရအနေ နဲ့ရေတိုရေရှည်စီမံချက်များချ မှတ် ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရှုထောင့်ပေါင်းစုံမှ ချဉ်းကပ် ဖြေရှင်းသွားမှာဖြစ်ပါတယ်။ လွတ်လပ်ပြီး အ ချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံ တစ် နိုင်ငံအနေနဲ့ မိမိနယ် စပ်စည်းမျဉ်းတွေ လုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ပိုင်ခွင့်နှင့် ကာကွယ် နိုင်ခွင့် ရှိ တယ်လို့လည်း ကျွန်တော်တို့အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင်းထုံးများနှင့် ကိုက် ညီအောင် အတတ်နိုင် ဆုံး ကြိုးစားဆောင်ရွက်သွား မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ် ဟု ပြောကြားသွားခဲ့ပါသည်။

No comments: