Monday, September 24, 2012

မင်းပြား အိုးပျဉ်တောင်ရွာ မတည်ငြိမ်မူ စစ်တပ်က လာရောက် ထိန်းသိမ်း

နိရဉ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းတွင်တည်ရှိသောအိုးပျဉ် တောင်ရွာသို့ နွားသူ ခိုး အုပ်စု တစ်ခုမှ နွားခိုရန်ဝင် ရောက် လာမူကြောင့် အ ဆိုပါ ကျေးရွာနှင့် အနီးတ၀ိုက် ကျေးရွာများတွင် မတည်ငြိမ်မူများ ဖြစ်ကာ အခြေ အနေ ကို စစ်တပ်က လာ ရောက် ထိန်းသိမ်းခဲ့ရသည်ဟု သတင်း ရရှိ သည်။

“ ဖြစ်တာက နွားခိုးတဲ့ အုပ်စုတစ်စုကအိုးပျဉ် တောင် ရွာဘက်ကို ၀င်လာတော့ ကျေးရွာသားတွေ က အနီးအနား ရွာတွေကို အကြောင်း ကြား၊ ပန်းမြောင်းမှာ ရှိတဲ့ တပ်နဲ့ ရဲကို အကြောင်းကြား- အဲသလိုအကြောင်းကြားရာကနေ ရုတ် ရုတ် သဲသဲ ဖြစ်ပြီး သတင်းက အမျိုးမျိုး ပြန့်သွားတာ ဖြစ်ပါတယ်” ဟု ပန်းမြောင်း ကျေးရွာမှ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

စစ်တပ် ရောက်ရှိလာပြီးနောက်တွင် အခြေအနေမှာ တည်ငြိမ်သွားပြီး တစ်စုံ တစ် ရာ ပြဿနာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းသူက ပြော ကြား သည်။

‘ ညနေပိုင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။ နွားခိုးဖို့ ၀င်လာတဲ့သူတွေက လက်မချေ ဘင်္ဂလီရွာ ဘက်က လာတယ်လို့ ပြောပါတယ်။ စစ်တပ် က ရောက်လာတော့ ပြန်ထွက်ပြေးသွားတယ်လို့ ပြောပါတယ်” ဟု ပန်းမြောင်း ဒေသခံက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့ပေါ်မှ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။

“ ဘာမှ မဖြစ်ပါဘူး။ စစ်တပ်ရောက်သွားတဲ့ အချိန်မှာ အကုန်လုံး အေးအေးဆေးဆေး ဖြစ်သွားပါတယ်။ ရွှေတမာတောင်တန်းတွေဘက်ကနေ ဘင်္ဂလီ ၁၀ ဦးခန့် ၀င်လာတယ်လို့ သတင်းရတဲ့ အတွက် သတင်းတွေ အမျိုးမျိုး ပျံ့သွားတာ ဖြစ်ပါတယ်။ ဘာမှ ပြဿနာ ဖြစ်တာ မရှိပါဘူး” ဟု ဆိုသည်။

ထိုကဲ့သို့ ရခိုင်ရွာကို ဘင်္ဂလီ ရွာသားများ ၀င်ရောက်တိုက်ခိုက်မူကြောင့် ရခိုင်များ အသေအပျောက်ရှိနေပြီဖြစ်ကြောင်းသတင်းများပျံ့နှံ့သွား ခဲ့ သဖြင့် မင်းပြားမြို့ အပါအ၀င် ကျေးရွာ တချို့တွင် တပ်ကူ လိုက်ရန် လူစုဆောင်းမူများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

No comments: