Monday, September 24, 2012

မတူပီ ခမရ ၃၀၄ မှ နယ်က ဈေးဝယ်လာသူများအား စစ်ဆေးနေ

khonumthung

ယခုတလော ချင်းပြည်နယ်မတူပီမြို့ပေါ်တွင် တာဝန်ကျသည့် ခမရ ၃၀၄ မှ စစ်သားတွေက နယ်မှ ဈေးဝယ်လာသူ ဒေသ ခံ ရွာသား များ အား စစ်ဆေးမှုပြုလုပ်နေသည်ဟု ကြားသိရသည်။

“ ခါတိုင်းလိုပဲ မြို့အ၀င်ဝမှာ လုံခြုံရေးဂိတ်ပြန်လည်ဖွင့်လှစ်ပြီး ဒိုင်နယ်မှ မတူပီဖက်လာတဲ့ ဧည့် သည်တွေကို ဧည့်စာရင်း စစ်ဆေးတယ်၊ မှတ် ပုံတင် လည်း စစ်ဆေးတယ်၊ တချို့ ဧည့်သည်တွေဆို ကျောပိုးအိတ်တောင် စစ်ဆေး တယ်” ဟု မါးဒူ ရွာသား တဦးက ပြောသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း လူထု နဲ့ စစ်တပ်အကြား ဆက်ဆံမှု ပိုမို ပြေပြစ်လာသည် ဟု ပြောကြသော်လည်း ယခုတလော စစ် သား တွေ လုပ်ရပ်ကြောင့် ပြည်သူတွေ စိတ်မချမ်းမ သာဖြစ်နေကြသည်ဟု ဆက်ဆိုသည်။

“ ပေါ်တာတွေဘာတွေတော့ မရှိတော့ဘူး၊ ဘယ်လိုဖြစ်ပြန်ပြီလဲ မသိဘူး၊ ဘာအကြောင်းပြ ချက်မှ လည်းမရှိဘူး၊ အစစ်အဆေးတွေပြန်လုပ် နေကြ တယ်” ဟု ပြော သည်။

မတူပီမြို့ပေါ်တွင် ခလရ ၁၄၀ နဲ့ ခမရ ၃၀၄ တပ်ရင်းတို့ တာဝန်ကျကြသည့်အနက် ခလရ ၁၄၀ သည် ဧည့်စာရင်း စစ်ဆေးမှုတွေ မ လုပ် ကြောင်း သိရသည်။

ပြီးခဲ့တဲ့သြဂုတ်လတွင် မတူပီမြို့နယ် နှင့် နယ်ချင်းထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် အစိုးရ တပ်စခန်းများ ပိုမို တိုးချဲ့ လာကြသည်။

ဇူလိုင်လ ၂၇ ရက်နေ့က ပလက်ဝမြို့နယ် အထက်ပိုင်း ကုလားချောင်းပေါ်ရှိ ပကာဝ ရွာနှင့် မွေလိုက်ဝရွာ အနီးတွင် လက်နက်ကိုင် ရို ဟင်ဂျာ (၇) ဦး ၀င်လာသည့်သတင်းကြောင့် နယ်မြေခံ လုံခြုံရေးစစ်တပ်များ ရှာဖွေမှု ပြုလုပ် ခဲ့ကြောင်း ဖော်ပြကြသည်။

No comments: