Monday, September 24, 2012

ရသေ့တောင် လူထုစည်းဝေးပွဲသို့ တက်ရောက်မည့်သူများ သောင်းသောင်းဖြဖြ သွားရောက်

ဇင်ကီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကျင်းပမည့် လူထုစည်းအဝေးပွဲသို့ တက်ရောက်မည့်သူများ ဒေသအသီးသီးမှ သောင်းသောင်းဖြဖြ သွား ရောက် နေကြကြောင်း သိရသည်။

အခုလက်ရှိအနေအထားကတော့ သတင်းယူဖို့သွားတဲ့အခါမှာ မြင်ရတဲ့မြင်ကွင်းကသင်္ဘေားအောင် တံခွန် (၂)နဲ့သွားနေပါတယ်။ သွားနေတဲ့ အခါမှာ အဖွဲ့အစည်းအသီးသီး၊ သတင်းထောက်အသီးသီးတွေကို အများကြီးတွေ့ရပါတယ်။ နောက်ပြီးတော့ အဖွဲ့အစည်းအ သီးသီးကတော့ RNDP ကလည်းပါတယ်။ ALP နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ပါတယ်။ အခြား ရခိုင် ပြည် လူမှုကွန်ယက်အဖွဲ့တွေလည်းပါတယ်။ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေကဆို ဝံလက်ဖေါင်ဒေးရှင်း အဖွဲ့တွေ ပါတာကိုလည်း တွေ့ရတယ်။ နောက်အစိုးရဲ့ သတင်း တပ် ဖွဲ့ကိုလည်း တွေ့ရပါတယ်။ " ဟု မဇ္စျိမ သတင်းထောက် သိန်း လှိုင်က ပြောသည်။

သံတွဲမှ ဦကုသလ (ငွေသဇင်)အနေဖြင့် ကျောက်ကပ်ခွဲရန် ရန်ကုန်သို့ သွားရမည်ကို မသွားဘဲ သံတွဲလူထုအား ဦးဆောင်ကာ ရသေ့ တောင် လူထုစည်းဝေးပွဲသို့ တက်ရောက်ရန် ကြွနေကြောင်း သိရသည်။

"အခုရသေ့တောင်ပွဲဟာ ဦးဇင်းကျောက်ကပ်ထက် အရေးကြီးပါတယ်။ ရခိုင်ပြည်သူလူထုတစ်ရပ် လုံး၏ အသံဖြစ်ပါတယ်။ ရခိုင်ပြည်သူ လူ ထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်တဲ့အတွက်ကြောင်း ဒေသကိုယ်စား ဦးဇင်းကြွရခြင်းဖြစ်ပါ တယ်။ " ဟု ဆရာတော် ဦးကုသလ(ငွေသဇင်)က သ င်္ဘောပေါ်မှ မိန့်ကြားခဲ့သည်။

သံတွဲမြို့နယ်မှ ရသေ့တောင် လူထုစည်းဝေးပွဲသို့တက်ရောက်ရန် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆရာတော် ဦးကုသလအပါအ၀င် သံဃာ တော် သုံးပါးနှင့် လူထုကိုယ်စားလှယ် (၃၀) ကျော်ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ဇွန်လက ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံတိုင်းရင်းသားများမှာ အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ လူအ များအ ပြား အသက်ဆုံးရှုံးခဲ့ရကာ လက်ရှိအခြေအနေထိ ဒေသခံ ရခိုင်တိုင်းရင်းသားများမှ အတည်တကျပြန်လည် မရှိနိုင်ကြခြင်းဖြစ် သည်။

အဆိုပါ ဖြစ်ရပ်များ ဖြစ်ပေါ်လာရခြင်းအား လူထုမှထွက်ပေါ်မည့် စကားသံများကို မှတ်တမ်းယူအဖြေရှာနိုင်ရန်အတွက်လူထုစည်းဝေးပွဲ ကျင်း ပပြုလုပ်မည်ဖြစ်သည်။

ရခိုင်လူထု အစည်းအဝေးပွဲမှ အတည်ပြု ရရှိလာသော အချက်အလက်များအား ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်၊ နိုင်ငံတော် သမ္မ တအပါအဝင် လွှတ်တော်ဥက္ကဌများနှင့် ကမ္ဘာ့ကုလသမဂ္ဂအထိ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။

No comments: