Saturday, September 29, 2012

စစ်တွေတွင် ရခိုင် လူငယ် တစ်ဦး သတ်ဖြတ်ခံရ

နိရဉ္စရာ

အရေးအခင်း ဖြစ်ပွားပြီး ၄ လခန့်အကြာ ယနေ့တွင် စစ်တွေ၌ ရခိုင်ကလေးငယ် တစ်ဦး အသတ်ခံလိုက် ရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ လူငယ်မှာ ရေခဲချောင်းရောင်းနေသော စစ်တွေ ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သား အောင်နိုင်ဦး ဖြစ် ကြောင်း သိရသည်။

သူ့အား သတ်ဖြတ်သူများမှာ စစ်တွေ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်)မှ ဘင်္ဂလီ မွတ်ဆလင်များ ဖြစ်ကြောင်း စစ်တွေ ဒေသ ခံများက ပြောသည်။

ယခုအခါ အောင်နိုင်ဦး အလောင်းအား စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။

အောင်နိုင်ဦးသည် ယခုလအတွင်း ဒုတိယ အကြိမ်မြှောက်သတ်ဖြတ်ခံရသူ ဖြစ်ပြီး ယခုလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သ ရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေကို ကျောက်တော် ပိုက်သည်ရွာမှ မွတ်လဆင် အုပ်စု တစ်စုက သတ်ဖြတ်ပစ်ခဲ့သည်။

No comments: