Monday, September 24, 2012

လယ် နှစ်ဧကစာ ထောက်ပံ့စရိတ် ရရှိရေးမသေချာ

admin

ချင်းပြည်နယ် ပလက်ဝ မြို့နယ် လယ်လှ အုပ်စု၊ သူဌေးကုန်း ရွာသား ဦးကံလုံးသည် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လ တုန်းက လယ်နှစ်ဧက စာ ထောက်ပံ့ကြေး ရရှိရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံလျှောက်လွှာ တင်ထားသည့်အပေါ် ကျပ် ငွေ ၁၀ သိန်း ရရှိမည်ဟု သိရ သော်လည်း သတင်းမ ထူးတော့ကြောင်း သိရ သည်။

အဲဒီကိစ္စအတွက် ယခုလစက်တင်ဘာလ ၇ ရက်နေ့မှာ စိုက်ပျိုးရေးဝန်ထမ်းတွေ ရွာကိုလာပြီး တဧကအ တွက် ကျပ်ငွေ ၅ သိန်း နဲ့ နှစ် ဧကစာ ကျပ်ငွေ ၁၀ သိန်းကို ဦးကံလုံးအတွက် ချပေးသည်ဟု ပြောကြ သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ပြောင်းသွားတော့ ဘာမှ မရေရာတော့ဘူးဟုဒေသခံ လူငယ် တဦးက ပြောသည်။

“ စိုက်ပျိုးရေးမြေရိုင်းအတွက် လျှောက်ထားခွင့် ရှိတယ်လို့ လူထုတွေကို ပြောကြတယ်၊ ဦးကံလုံး ကိုတော့ ကျပ်ငွေ ၁၀ သိန်းချပေးမယ်လို့ပြောကြတယ်၊ ဦးကံလုံးက ၀မ်းသာလွန်းလို့ ထမင်းတွေ ဖိတ်ကျွေးလိုက်သေးတယ်” ဟု ပြောသည်။

လက်ရှိအစိုးရသည် အရပ်ဖက်အုပ်ချုပ်ရေး၊ ဥပဒေ စိုးမိုးရေးဖော်ဆောင်ရာတွင် ဝေးလံခေါင်သီသော နယ်စပ်ဒေသများ အထိ စိုးမိုးမှု အား နည်းနေသေးကြောင်း ပြောကြသည်။

“ ယခင် မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်စောအုန်း နေရာမှာ အခု ဦးဟန်ဝင်း ရောက်လာ တယ်၊ ငွေ ရမရ မသေ ချာတော့ဘူး၊ ရခဲ့ ယင်တောင် အပြည့် ရမှာ မဟုတ်တော့ဘူး ” ဟု ၀န်ထမ်းတဦးက ပြောသည်။

ဆက်လက်ပြီး ဒေသခံ တဦးက ပြည်နယ်အစိုးရဖက်က ကျတော်တို့ ဒေသတွေကို ပုံမှန်လာရောက် လေ့လာဖို့ လိုအပ် ကြောင်း၊ ၀န် ထမ်း တွေ ထဲမှာ လဒ်စားမှုတွေ ရှိနေကြောင်း ဆက်ဆိုသည်။

No comments: