Friday, September 28, 2012

မာန်အောင်မြို့ကလာတဲ့စာ (ပေးစာ)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးသည် မြို့နယ် အားကစားရံပုံငွေကို အကြောင်းပြ၍ ၀န်ထန်းများထံမှ ငွေကောက်ခံနေ ကြောင်းကို တင်ပြထားသည့် စာတစ်စောင် နိရဉ္စရာသို့ ရောက်ရှိ လာပါ သည်။ စာပါ အကြောင်းအရာမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

သို့

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် နိုင်ငံတော်အကြီးအကဲများ သိရှိကာ ယခုဖြစ်ရပ်အား အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။

၂၇-၈-၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်သည် မြို့နယ်အားကစား ရံပုံငွေဟု ခေါင်းစဉ်ပြ ကာ ၀န် ထမ်းများနှင့် ပြည်သူများထဲတွင် ကံစမ်းမဲတစ်စောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၀န်ထမ်းများအားမယူမနေရ စနစ်ဖြင့် ရောင်းချခဲ့ ပါသည်။


ထို့အပြင် အားကစားနှင့်ကာယပညာဝန်ကြီးဌါနများမှ အားကစားရံပုံငွေများကို သက်ဆိုင်ရာမြို့နယ်အလိုက် ပံ့ပိုးပေးထားသော်လည်း ပြည် သူများနှင့် ၀န်ထမ်းများထံမှ ငွေများကို ခေါင်းစဉ်အမျိုးမျိုးပြကာ ထပ်မံကောက်ခံခဲ့ပါသည်။ ဌါနဆိုင်ရာဘောလုံးပွဲဆိုပြီး အကြီးအကဲများမှ မိမိတို့ဌါနအလိုက် ဌါနတစ်ခုလျင် ၃-၄ ဦးပါဝင်စေပြီး ၀န်ထမ်းတစ်ဦးလျင် ၄၀၀၀ ကျပ် ထပ်မံကောက်ခံနေပါသည်။ ထိုကောက်ခံရရှိသော ငွေများကို မည်သည့်နေရာတွင် သုံးစွဲသည်ကို မိမိတို့မသိရှိရပေ။ မိမိတို့ သိရှိစေရန် ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားခြင်းများလည် မရှိပေ။

နိုင်ငံတော်မှ ၀န်ထမ်းများ၏ စားဝတ်နေရေးအဆင်ပြေစေရန် လစာများကို တိုးမြင့်ပေးသော်လည်း ယခုကဲ့သို့ အုပ်ချုပ်ရေးမှူး၏ အကျင့် ပျက် သော နည်းလမ်းများဖြင့် ငွေကောက်ခံပြီး လုပ်စားနေသောလုပ်ရပ်များသည် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ၀န်ထမ်းများ အားလုံး စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်အား အကြီးအ ကျယ် ထိခိုက်နေပါသည်။

ထပ်မံပြီး အုပ်ချုပ်ရေးမှူး ဦးလူမော်သည် ငါးဖမ်းစက်လှေ ထရော်လာ(ဂျမ်းပိုက်) စက်လှေတစ်စီးလျှင် ၄၀၀၀၀ ကျပ် စီကောက်ခံနေပါသည်။

ကောက်ခံခဲ့သည့် ငါးဖမ်းစက်လှေများ၏ ကျေးရွာများမှာ-

(၁) မျှော်တော်ဦး ၃၁ စီး

(၂) ပြားကြီး ၈ စီး

(၃) ဇရပ်ကုန်းခင် ၂၅ စီး

(၄) မာန်အောင်မြို့မ ဆိပ်ကမ်း ၂၀ စီး

(၅) ချောင်းဝ ၅ စီး

(၆) ရဲကျွန်း ၅ စီး

စုစုပေါင်း ၉၄ စီးတို့ ငွေကျပ် ၃၇၆၀၀၀၀ ကို ကောက်ခံခဲ့ပါသည်။ ထို့ကြောင့် မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးအား စီစစ်အရေးယူ ဆောင် ရွက်ပေးနိုင်စေရန် သတင်းမီဒီယာများမှ တဆင့် အကူအညီတောင်း တိုင်ကြားခြင်းဖြစ်ပါ သည်။

မှတ်ချက်။ ။ ဆက်သွယ်ရန်ဖုန်းနံပါတ်အား လုံခြုံရေးအခြေအနေကြောင့် ဖော်ပြပေးခြင်းမရှိသည်ကို နားလည်ပေးပါ။



No comments: