Saturday, September 29, 2012

စစ်တွေရဲ့ ယနေ့ ဂယက် မောင်တောမြို့ထိ ရိုက်ခတ်

မောင်အေး

စစ်တွေမြို့တွင် အဓိဂရုဏ်း ဖြစ်ပေါ်နေပြီဆိုသော ကောလဟလ သတင်း ကြောင့် မောင်တောမြို့ တည်ငြိမ်ရေး ပျက်ပြားသွားခဲ့သည်ဟု သိရ သည်။

“စစ်တွေမှာ ရခိုင်နဲ့ ဘင်္ဂလီတွေ ပြဿနာဖြစ်နေပြီ သတင်း ကြားတာနဲ့ ဒီမှာ လည်း ရခိုင်တွေ ဈေး ဆိုင်တွေကိုသိမ်း ကိုယ့်အိမ်ကိုယ်ဝင်၊ ဘင်္ဂလီတွေ လည်းဆိုင်တွေပိတ်ပြီး ပြေးကြတော့ တစ်မြို့လုံးဆူသွားတယ်” ဟု မောင် တောမှ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းက စစ်တွေတွင် လူငယ်တစ်ဦးသတ်ဖြတ်ခံရသောသတင်း ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေချိန် တွင် မောင်တော မြို့သို့ အဆိုပါ သ တင်းရောက်ရှိလာရာ ဈေးဆိုင်များ၊ အစိုးရရုံးများကိုချက်ချင်းပိတ်ထားလိုက် ရသည်ဟု ဆိုသည်။

တည်ငြိမ်မှုပျက်သွားသည့်အတွက် လုံထိန်းနှင့် ရဲတပ်ဖွဲ့ ၀င်များက ရွှေဇားတံတားတွင် ဒိုင်းကာများ ကိုင်ဆောင်ပြီး လုံခြုံရေး ယူထား လိုက် ကြောင်း အဆိုပါ အိမ်ရှင်မက ဆက်ပြောသည်။

ယခုကဲ့သို့ မောင်တောမြို့တွင် တည်ငြိမ်မူ ပျက်ပြားသွားသဖြင့် လစာထုတ်ရန် ရောက်နေကြသည့် ၀န်ထန်းတချို့ကို လည်း ရုံးများမှ လစာ မပေးဘဲ ပြန်လွှတ်လိုက် ကြောင်း ကျောင်းဆရာ တဦးကပြောသည်။

ယခုအခါ ဘင်္ဂလီအများစုမှာ မောင်တော ကညင်တန်းရပ်တွင် စုဝေးနေကြကြောင်း သတင်းများ ထွက် ပေါ်နေပြီး မောင်တောမြို့ရှိ ရခိုင် များမှာ မိမိနေအိမ်တွင် သတိနှင့် နေထိုင်နေကြကြောင်း သိရသည်။

No comments: