Thursday, September 27, 2012

အိန္ဒိယ ကုမ္ပဏီမှ ဘင်္ဂလီတစ်ဦး ရခိုင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်

ဒေါင်းမြရင်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ၊ စည်ပုတ်ကေထောင့်မှ (ဘ)ဦးမောင်ကြချမ်း (မ)ဒေါ်ဗွီစိကေတို့ သမီးဖြစ်သူ အသက်(၁၇)နှစ်ရှိသော မရွှေဇင်အေးအား အိန္ဒိယကုမ္ပဏီ၏ အလုပ်သမားဖြစ်သော ဘင်္ဂလီတစ်ဦးဖြစ်သူ အာလီကူးမားသည် ယင်းမိန်းကလေးကို ယနေ့မနက်(၉)နာရီတွင် အဓမ္မမုဒိန်းကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။

" အဲဒီဘင်္ဂလီက မရွှေဇင်အေးကို မနက်စောစော အလုပ်လုပ်ဖို့ဆိုပြီး ခေါ်သွားပါတယ်။ ပြီးတော့ မရွှေဇင်အေးကို ခါးကိုဖက်ကာ ဆွဲလား ယမ်းလားလုပ်နေတုန်း ဗမာမန်နေဂျာက တွေ့သွားတဲ့အတွက် ဟန့်တားနိုင်ခဲ့ပါတယ်။ မုဒိန်းကျင့်မခံလိုက်ရဘူး။ အဲဒီအမှုကို ဒီနေ့ ညနေ(၃)နာရီလောက်က ကျောက်ဖြူလူငယ်တွေက ကွင်းဆင်းကာ သက်သေဖြစ်သူ မရွှေရွှေအေးနဲ့ ကျောက်ဖြူမြို့မှ ရဲစခန်းတွင် အမှုဖွင့်ပေး ခဲ့ကြပါတယ်။ " ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

No comments: