Tuesday, October 25, 2016

မြစ်ကြီးနား ဘာသာ ပေါင်းစုံမှ ‘တိုက်ပွဲများ အလို မရှိ’ ဆန္ဒပြပွဲကြီး ပြုလုပ်

Kachinnews


လူထု အင်အား သုံးသောင်းခန့် ပါဝင်သော မြစ်ကြီးနားမြို့ ဘာသာ ပေါင်းစုံမှ ဦးဆောင်သည့် ‘တိုက်ပွဲများ အလိုမရှိ’ ဆန္ဒပြပွဲကြီးကို ယနေ့  အောက်တိုဘာ ၂၂ ရက် ကချင်ပြည်နယ် မြို့တော်မှာ ပြုလုပ်ခဲ့သည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း အစီစဉ်ကို မနက် ၉ နာရီတွင် စတင်ခဲ့ပြီး ကြွေးကြော်မှု မပြုဘဲ ပိုစတာများသာ ကိုင်ဆောင်ပြီး ဆုတောင်းလည့်လည်ဆန္ဒပြ ခဲ့ရာ စစ်ပြေး ဒုက္ခသည်များ အပါအဝင် ကချင်၊ ဗမာ၊ ရှမ်း၊ မွတ်စလင်၊ ဟိန္ဒူ နှင့် တရုတ် အမျိုးသားများ စုစုပေါင်း ၂၈၀၀၀ ခန့် ပါဝင် ခဲ့သည်။

အစီစဉ် ဦးဆောင်သူ တစ်ဦးဖြစ်သူ Slg. Lungjung Tu Raw (ဦးလုံဂျုံတူးရော်) က ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဖြင့်သာ အဖြေရှာနိုင်မည်ဟု ပြောသည်။

“ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿာကို စစ်ရေးနဲ့ အဖြေရှာလို့ မရဘူး။ အဲကြောင့် နိုင်ငံရေးပြဿနာ ကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းလို့ရနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ ဆန္ဒပြပွဲက တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးဆွေးနွေးကြဖို့ ဖြစ်တယ်”

ငြိမ်းချမ်းစွာ လှည့်လာရာမှာ ပြည်သူများက “ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝှမ်း ငြိမ်းချမ်းပါစေ၊ စစ်ပွဲများ အလိုမရှိ၊ ငြိမ်းချမ်းရေးကိုသာ အလိုရှိသည်” စသည့် ပိုစတာများ ကိုင်ဆောင်ခဲ့ကြသည်။

တပ်မတော်၏ ထိုးစစ် ရပ်တန့်ရန် မြန်မာနိုင်ငံ တစ်ဝန်း လူထု ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး မြစ်ကြီးနားမြို့တွင်း ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အောက်တိုဘာလ အတွင်း တတိယ အကြိမ်မြောက်ဖြစ်သည်

No comments: