Monday, October 24, 2016

စစ်ဘေးရှောင် မိသားစုများအတွက် သန်းနိုင်နှင့်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှ ကျပ်သိန်း ၂၀ နှင့် အသင့်ကျော်ထားသောငါးခြောက် ပိသာ

နိရဉ္စရာ၊


စစ်တွေ အခြေစိုက် သန်းနိုင်နှင့် မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရခိုင်တိုင်းရင်းသားများအတွက် လိုအပ်သော နေရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၂၀ ကို အလိုတော်ပြည့် ဆရာတော်ကြီးထံမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

၎င်းပြင် ဘူသီးတောင်တွင်ရောက်ရှိနေသော စစ်ပြေးရှောင် ရခိုင်တိုင်းရင်းသားများအတွက် အသင့်စားနိုင်ရန် ငါးပါးခြောက်စပ်ကြော် ပိသာ ၅၀ ကိုလည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ များမကြာမီက ပို့ပေးလှူဒါန်းခဲ့သည်။

“ မိမိတို့ လူမျိုးတွေ ဒုက္ခရောက်ကြရတော့ တတ်နိုင်သလောက် ကူညီတာ ဖြစ်ပါတယ်။ ရိက္ခာတွေ ပြတ်လပ်နေတာကို ကိုယ်တိုင်မောင်တောကို သွားခဲ့တုန်းက တွေ့မြင်ခဲ့ရတယ်။ အလိုတော်ပြည့် ဆရာတော်ကြီးကလည်း ကိုယ်တိုက် ကမကထ ပြုလုပ်ပြီး ဆန်အိတ်တွေ လှူဒါန်းနေတဲ့အတွက် ဆန်အိတ် ၁၀၀ ဖိုး ကျပ်သိန်း ၂၀ ကို ဆရာတော်ကြီးကတစ်ဆင့် လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဦးဦးသန်းနိုင်က ပြောဆိုသည်။

အသင့်စားနိုင်ရန် ပြုလုပ်ထားသော ငါးပါးခြောက်ကြော်များကို အိတ်ငယ်များတွင် Package အထုပ်ငယ်များပြုလုပ်ပြီး ဘူးသီးတောင်သို့ အမြန်ယာဉ်ဖြင့် ပို့ဆောင်ပြီး လှူဒါန်းခဲ့သည်ဟု သိရသည်။

ဦးဦးသန်းနိုင်သည် လက်ရှိအချိန်တွင် ရသေ့တောင်မြို့နယ် မှ ရခိုင်ပြည်နယ် လွှတ်ကိုယ်စားလှယ်လည်း ဖြစ်သည်။

No comments: