Thursday, October 20, 2016

ပြည်တွင်းစစ် ရပ်စဲရေး ကွတ်ခိုင်မြို့ခံများ ဆန္ဒ တောင်းဆိုမည်

Kachinnews


‘ပြည်တွင်းစစ် ရပ်စဲရေး’ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ခံ တိုင်းရင်းသား ပေါင်းစုံ မှ အောက်တိုဘာ ၂၁ ရက်နေ့ တွင် လမ်းလျှောက် ဆန္ဒပြ တောင်းဆို သွားမည် ဖြစ်ကြောင်း သိရသည်။

မနက် ၉ နာရီအချိန် စတင်မှာဖြစ်ပြီး ဒေသခံ ကချင်၊ ရှမ်း၊ တအောင်း၊ ဗမာ၊ မုန်ဝန်း တရုတ်၊ ဂေါ်ရခါး နှင့် တိုင်းရင်းသား ပေါင်းစုံ စုစုပေါင်း ၂၀၀၀ ကျော် ပါဝင်ကြမည်ဟု ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦး ဘရန်ဂျာ က ပြောသည်။

အဓိက ကြွေးကြော်မည့် အသံများမှာ “ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်သူလူထု ငြိမ်းချမ်းစွာနေ ထိုင်ရေး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ပြည်သူလူထု၏ သဘောထား ထုတ်ပြန်ချက်များကို အသိအမှတ်ပြုရေး နှင့် စစ်ပြေးဒုက္ခသည်များအား ကူညီထောက်ပံ့ရေး" စသည်တို့ ဖြစ်ကြောင်း သိရသည်။

လာမည့် သောကြာနေ့ ဆန္ဒပြပွဲအတွင်း ဆန္ဒပြ ပြည်သူများ၏ သဘောထား ကိုလည်း ထုတ်ပြန်မည်ဟု သိရသည်။

‘တပ်မတော် ထိုးစစ်ရပ်တန့်ရေး’၊ ‘ပြည်တွင်း စစ်ရပ်စဲရေး’ တို့အတွက် မြစ်ကြီးနား၊ တနိုင်း၊ ဗန်းမော်၊ မန္တလေး နှင့် ရန်ကုန် အစ ရှိသည့် မြို့များမှာ ယခုလအတွင်း ပြည်သူများ ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။

ယခုအချိန်ထိ ကချင်ဒေသနှင့် အခြား တိုင်းရင်းသား ဒေသများတွင် တပ်မတော် ၏ ထိုးစစ် ရပ်စဲသွားခြင်း မရှိသေးပါဘူး

No comments: