Thursday, October 27, 2016

၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီး

ဇေယျာမော်

၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် မြောက်ဥက္ကလာ ရဲစခန်းမှ ပုဒ်မ ၅၀၅(က)ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"ရေးထားတဲ့ အထဲမှာ ၅၀၅ (က) ဘဲပါတယ်။ အမှုအကြောင်းအရာကိုတော့ ရေးမထားဘူး။ တရားရုံးက ပေးလိုက်တဲ့ ၀ရမ်းပါတယ်ခင်ဗျ" ဟု ကိုထင်ကျော်က ပြောသည်။

ဖမ်းဆီးခံရသည့်အမှုကို မသိရှိကြောင်း၊ သူ့တစ်ဦးတည်း အဖမ်းခံရခြင်းဖြစ်ကြောင်း ကိုထင်ကျော်က ပြောဆိုခဲ့ပြီး ညနေ လေးနာရီခန့်က လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

No comments: