ရွှေရအောင်(တောင်ကုတ်)
ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်တွင် စစ်တပ်မှ စွန့်လွှတ်ထားသည့် စားကျက်မြေကို ဌာနဆိုင်ရာများက ဒေသအတွင်းက စီးပွားရေးသမားများနှင့် ပူးပေါင်း လုပ်စားနေသဖြင့် ကျေးရွာသား ၂၀၀ ခန့်က ယနေ့တွင် ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူ အုပ်စုမှ ကွင်းအမှတ် (၈၅၀)၊ စားကျက်မြေ ၂၀၁ ဧကအား စစ်တပ်က သိမ်းယူခဲ့ပြီး ၎င်းမြေများ ၂၀၁၃ ခုနှစ်က စွန့်လွှတ်ခဲ့သော်လည်း ၎င်းစားကျက်မြေများကို လယ်သမားများကို လွဲပြောင်း ပေးအပ်ခြင်း မရှိဘဲ ဌာနဆိုင်ရာများနှင့် ကျောက်တော်မြို့မှ စီးပွားရေး သမားတချို့မှ လုပ်ကိုင် စားသောက်နေသည်ဟု ဦးဆောင်သူ ဦးသာထွန်းအောင်မှ နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့က ဒီမြေတွေကို အထက်အာဏာပိုင်တွေ အနေနဲ့ စိစစ်ဆောင်ရွက်ပေးစေလိုပါတယ်” ဟု သူက ပြောသည်။
ဆန္ဒပြသူများသည် ပိုစတာ ဆိုင်းဘိုးများကို ကိုင်ဆောင်ပြီး (၁) စားကျက်မြေကျူးကျော်သူများအား ထိရောက်စွာ အရေးယူပေးရေး၊ (၂) ကျောက်တော်မြို့နယ်တွင်း စားကျက်မြေနှင့် တာဝန်ရှိသူများအားလုံးကို အရေးယူပေးရေး စသည်တို့ ကြွေးကြော်သံများ ကြွေးကြော် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြပွဲကို နေ့လယ် ၁၂ မှ မွန်းလွဲ ၂နာရီထိ ပြုလုပ်ခဲ့သည်။

No comments:
Post a Comment