Thursday, October 20, 2016

၂၀၁၆ ခုနှစ် ၁၀လ အတွင်း ရန်ကုန်တိုင်းတွင် မုဒိမ်းမှုပေါင်း ၁၆၉ မှုဖြစ်ပွား

ဇေယျာမော်

ရန်ကုန်တိုင်းအတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့အထိ မုဒိမ်းမှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၉ မှု ၊ ၁၆ နှစ်အောက် မုဒိမ်းမှု ၈၃ မှု ၊ ၁၆ နှစ်အထက် မုဒိမ်းမှု ၄၇ မှု ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက တိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားခဲ့သည်။

လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာ အပြစ်ပေးနိုင်ရန် ဆောင်ရွက်ထားခြင်းရှိ မရှိ မေးမြန်းမှုကို နယ်လုံဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

"သက်ငယ်မုဒိမ်းမှုများဖြစ်ပွားရတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ၂၀၁၅ မှာ ၆၇ မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ အောက်တို ဘာ ၁၇ ရက်နေ့အထိ သက်ငယ်မုဒိမ်းမှု ၃၉ ဖြစ်ပွားခဲ့ပါတယ်" ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ရာဇသတ်ကြီးပုဒ်မ ၃၇၅ ၏ ပဉ္စမပုဒ်တွင် ပါရှိသည့် အ သက် ၁၄ နှစ်အောက်ဆိုသည့် စကားရပ်အစား အသက် ၁၆ နှစ်အောက် ဆိုသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင် ခဲ့ ခြင်းကြောင့် မုဒိမ်းမှုအဖြစ် အမှုဖွင့် တိုင်ကြားမှုများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

"၁၆ နှစ်အောက် မိန်းကလေးများဟာ ဒီဘက်မှာ ချစ်သူရည်းစားနောက်ကို လိုက်ပြီး မိဘအုပ်ထိန်းသူက သဘောမ တူ လို့ အမှုဖွင့်တိုင်ကြားတာကြောင့် ဒါကိုကျွန်တော်တို့ ရဲစခန်းတွေမှာ အမှုလာဖွင့်တဲ့အခါ စောစောကပြောတဲ့ မုဒိမ်းမှု တွေက ပိုပြီးတိုးတက်လာတာ ဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

No comments: