Wednesday, October 19, 2016

(၂၂) ကြိမ်မြောက် အဆိုအကအရေးအတီးပြိုင်ပွဲဝင်မည့် ရခိုင်ယဉ်ကျေးမှု အဖွဲ့ဝင်များ ယနေ့နေပြည်တော်သို့ ထွက်ခွာမည်

နိရဉ္စရာ၊


(၂၂) ကြိမ်မြောက် မြန်မာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲများမည့် ရခိုင်ပြည်နယ် ယဉ်ကျေးမှု အဖွဲ့ဝင်များသည် ယနေ့တွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြိုင်ပွဲဝင်ရန် ထွက်ခွာသွားကြမည်ဟု သတင်းရရှိသည်။

ပြိုင်ပွဲဝင်မည့် ရခိုင်အနုပညာရှင်များ အနေဖြင့် “ သာလီစွ ရခိုင်ပြည်နယ်” ရခိုင်ယိမ်း အပါအ၀င် “ ကရင်ဒုံးယိမ်း” တစ်ခုနှင့်ပါ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ရခိုင် ပြည်နယ် အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲ တာဝန်ခံ ဦးအောင်ကျော်သန်း (ဂီတအဖွဲ့ခေါင်းဆောင်) က ပြောသည်။

(၂၂) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် “သာလီစွ ရခိုင်ပြည်နယ်” ယိမ်းနှင့် ” ကရင်ဒုံးယိမ်း” တစ်ခုတို့ကို ယှဉ်ပြိုင်ရန် ထည့်သွင်းထားကြောင်း သိရသည်။

၎င်းပြင် အဆိုပါ ပြိုင်ပွဲတွင် “ စာဆိုအမွီ ထိန်းပါလီ” ရခိုင်ယိမ်းကိုလည်း ရခိုင်အမျိုးသမီးငယ် ၂၄ ယောက်ဖြင့် ဖြေဖျော်တင်ဆက်သွားမည်ဟုသူက ပြောသည်။

ရခိုင်ယဉ်ကျေးမှု အဖွဲ့ကို ခရိုင်ပေါင်းစုံ ပြိုင်ပွဲတွင် ပထမရသော စစ်တွေခရိုင်ကိ အဓိက အခြေခံထားပြီး ခရိုင်တစ်ခုမှ အမျိုးသမီးငယ် ၂ ဦးကျစီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ယဉ်ကျေးမှု အဖွဲ့အနေဖြင့် ယှဉ်ပြိုင်ရမည်ဟု ခန့်မှန်းထားကြောင်း၊ အသေးစိတ် အစီအစဉ်ကို နေပြည်တော်ကိုရောက်မှ သိရမည် ဖြစ်ကြောင်း ဦးအောင်ကျော်သန်းက ပြောကြားသည်။

No comments: